21 Nov 2014
တစ်ချို့အမျိုးသမီးတွေက ရုပ်လှဖို့အတွက် အလှပြင်နေချိန်မှာ... တစ်ချို့အမျိုးသမီးတွေက စိတ်လှဖို့အတွက်စာဖတ်နေတယ်.....။
* တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေရဲ့အကြည့်ခံပြီး အလှပြနေချိန်မှာ... တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ပြနေတယ်......။
* တစ်ချို့အမျိုးသမီးတွေက မဖော်ပြသင့်တဲ့အရာကို မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ...
တစ်ချို့အမျိုးသမီးတွေက ဖော်ပြသင့်တဲ့ပညာကို သတ္တိရှိစွာ ဖွင့်ဟပြနေတယ်......။
* တစ်ချို့အမျိုးသမီးတွေက မိဘကို မီးလိုအပူပေးပေမယ့်... တစ်ချို့အမျိုးသမီးတွေက မိဘကို ထီးလိုအရိပ်မိုးပေးနေတယ်.....။
* တစ်ချို့အမျိုးသမီးတွေက လောကီစည်းစိမ်ဥစ္စာတွေသာ စုဆောင်းတတ်ကြပေမယ့်... တစ်ချို့အမျိုးသမီးတွေက လောကီ၊လောကုတ္တရာနှစ်ဖြာသော စည်းစိမ်ဥစ္စာတို့ကို ပါးနပ်လိမ္မာစွာ စုဆောင်းတတ်ကြတယ်.....။
* ဤသို့အားဖြင့်..... တစ်ချို့သောမိန်းမတို့သည် အသက်ကြီးလာသည်နှင့်အမျှစိတ်ဆင်းရဲမှုသည်လည်း ကြီးမားလာခဲ့ကြပြီး...... တစ်ချို့သောမိန်းမများကား အသက်ကြီးလာသည်နှင့်အမျှ စိတ်ချမ်းသာမှုသည် ကြီးမားလာခဲ့ကြတော့သည်.....။
Credit to ဦးတိုးအောင်
Myanmar Forword
No comments:
Post a Comment