Tuesday, November 18, 2014

SSA(၀မ်ဟိုင်း) လက်နက်ကြီး တပ်ရင်းမှ ၂ ဦး လက်ပစ်ဗုံးခွဲ၍ မိမိကိုယ် မိမိ အဆုံးစီရင်

19 Nov 2014

SSA(၀မ်ဟိုင်း)လက်နက်ကြီး တပ်ရင်းမှ စိုင်းအောင်နှင့် မနန်းလီတို့ ၂ ဦးသည် နိုဝင်ဘာလ ၁၄ ရက်နေ့က ည ၀၈၀၀ နာရီတွင် လက်ပစ်ဗုံး စနက်တန်ဖြုတ် ပေါက်ကွဲအောင် ပြုလုပ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ 

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့အတွင်း ထွက်ပေါ်နေသော သတင်းများအရ SSA(၀မ်ဟိုင်း) မှ ခေါင်းဆောင် အချို့သည် လူနည်းစု တစ်စု ကောင်းစားရေးကိုသာ ဦးတည်ဆောင်ရွက်နေပြီး လက်အောက် ငယ်သားများ ၏  စား၊ ၀တ်၊ နေ၊ ရေး အား လျစ်လျူရှု၍ အကြောက်တရားဖြင့်  ဖိနှိပ်ချုပ်ခြယ် စစ်သင်တန်းပေး
အတင်းအဓမ္မ စေခိုင်းမှုများကြောင့် ယခုကဲ့သို့ အဆုံးစီရင်မှုများ မကြာခဏ ဖြစ်ပေါ် နေကြောင်း ကျေးသီးမြို့နေ နန်းမီမီ ၏ ပြောပြချက်အရသိသည်။

SSA(၀မ်ဟိုင်း)က ခေါင်းဆောင်တွေက လက်အောက်ငယ်သားတွေရဲ့ စားဝတ်နေရေး ကိစ္စတွေကို အဆင်ပြေအောင် မဖြေရှင်းပေးဘူး။ သူတို့ မဖြေရှင်းပေးတော့ SSA(၀မ်ဟိုင်း)က တပ်သားတွေက ကျေးရွာတွေမှာ ရရင် ရသလို ဆက်ကြေးကောက်တယ်၊ အခွန်ကောက်တယ် ဟု ၄င်းမှဆက်ပြောပါသည်။ 

SSA(၀မ်ဟိုင်း)ဌာနချုပ်တွင် ခေါင်းဆောင်အချို့မှ ဆက်ကြေးကောက်ခံမှုများအပေါ် ခေါင်းပုံဖြတ်ပြီး လက်အောက်ငယ်သားများ၏ စား၊ ၀တ်၊ နေ၊ ရေး အား လျစ်လျူရှုမှုများကြောင့် အထက်အောက် စိတ်ဝမ်းကွဲမှုများဖြစ်ပြီး ယခုကဲ့ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်ကာ ထွက်ပြေးတိမ်းရှောင်သူများရှိသလို မိမိကိုယ် မိမိ အဆုံးစီရင်သူ ၁၀ ဦးထက် မနည်းရရှိကြောင်း သိရသည်။

No comments:

Post a Comment