ကျွန်တော်တို့၏ အသည်းထဲတွင် သံဓာတ် များပါက အသည်း ထိခိုက် နိုင်ပါသည်။
အသည်း ခြောက်ခြင်း နှင့် အသည်း ကင်ဆာ ဖြစ်ပွား နိုင်ပါသည်။ အသည်းရောင်
အသားဝါ စီပိုး ရှိသူများတွင် သံဓာတ်များ နေပါက အသည်း ကင်ဆာ ပို၍ ဖြစ်ပွား
နိုင်ပါသည်။
သံဓာတ်များ နေသော စီပိုး ရှိသူများကို စီပိုး သေဆေးများနှင့် ကုသရာ တွင်လည်း စီပိုးသည် မပျောက်ဘဲ ဖြစ်နိုင် ပါသည်။ သံဓာတ်သည် စီပိုးများ ပွားခြင်းကို အားပေး ပါသည်။ ထို့ကြောင့် အသည်းရောင် အသားဝါ စီရောဂါ ရှိသော သူနှင့် သံဓာတ်သည် လုံးဝ မတည့်ခြင်း ဖြစ်သည်။ သံဓာတ်သည် စီပိုး ရောဂါသည် တစ်ဦး အတွက် အန္တရာယ်တစ်ခု အနေဖြင့် သတ်မှတ်ထား ရပါမည်။

သံဓာတ်များသော အစားအစာများကို စားမိခြင်းကြောင့်