1 August 2014
မူဆယ်မြို့နယ် ပြည်ထောင်စုကားလမ်းမကြီးအနောက်ဘက်ခြမ်း တောင်ကမ်းပါးယံ၌မသင်္ကာဖွယ်ရာအထုပ် တစ်ထုပ် တွေ့ရှိကြောင်း ကောင်းခါးရွာနေ ဦးအိုက်ရီ ၅ဝ နှစ်၏ သတင်းပေးချက် အရ တပ်မတော် သားများနှင့်မူဆယ်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကဇူလိုင်၂၉ရက်ညနေ၃နာရီခွဲခန့်ကအဆိုပါ နေရာ အားသွားရောက်ရှာဖွေ ရှင်းလင်းရာ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် နှစ်ထပ် ထုပ်ထားသော မိုးပြာရောင်
ပလတ်စတစ် ကိုယ်ထည် ရှေ့ထွက်မိုင်း ၁ လုံး၊ အဝါနှင့် လိမ္မော်ရောင် နှစ်ပင်လိမ် ဝါယာကြိုး ၆ ပေခန့်၊ ဆိုင်ကယ် ဘက်ထရီ တစ်လုံး၊ ဆားကတ်အုံ တစ်ခုတို့အား တွေ့ရှိ သိမ်းဆည်း ခဲ့သည်။
အဆိုပါ သိမ်းဆည်း ရမိသော မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား အန္တရာယ် ကင်းရှင်းအောင် သက်မဲ့ ပြုလုပ်၍ လုပ်ထုံး လုပ်နည်းနှင့် အညီ စနစ်တကျ အပ်နှံ စေခဲ့ကြောင်း သတင်း ရရှိသည်။
Photo: မိုင်းနှင့် ဆက်စပ် ပစ္စည်းများသိမ်းဆည်းရမိမူဆယ်မြို့နယ် ပြည်ထောင်စုကားလမ်းမကြီးအနောက်ဘက်ခြမ်း တောင်ကမ်းပါး ယံ၌ မသင်္ကာဖွယ်ရာအထုပ်တစ်ထုပ် တွေ့ရှိကြောင်း ကောင်းခါးရွာနေ ဦးအိုက်ရီ ၅ဝ နှစ်၏ သတင်းပေးချက် အရ တပ်မတော် သားများနှင့် မူဆယ်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က အဆိုပါ နေရာအား သွားရောက်ရှာဖွေ ရှင်းလင်းရာ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် နှစ်ထပ် ထုပ်ထားသောမိုးပြာရောင်ပလတ်စတစ်ကိုယ်ထည် ရှေ့ထွက်မိုင်း ၁ လုံး၊ အဝါနှင့်လိမ္မော်ရောင် နှစ်ပင်လိမ် ဝါယာကြိုး ၆ ပေခန့်၊ ဆိုင်ကယ် ဘက်ထရီ တစ်လုံး၊ ဆားကတ်အုံ တစ်ခု တို့အား တွေ့ရှိ သိမ်းဆည်း ခဲ့သည်။ အဆိုပါ သိမ်းဆည်း ရမိသောမိုင်းနှင့် ဆက်စပ်ပစ္စည်းများအား အန္တရာယ် ကင်းရှင်းအောင် သက်မဲ့ ပြုလုပ်၍ လုပ်ထုံး လုပ်နည်းနှင့် အညီ စနစ်တကျ အပ်နှံ စေခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment