Saturday, August 2, 2014

SSA(၀မ်ဟိုင်း) အဖွဲ့ ကျောက်မဲမြို့ ဆီဆိုင်များမှ ဆက်ကြေးကောက်ခံမှုရဲတင်းလာ

1 August  2014
SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျောက်မဲမြို့ မြ၀တီ ဆီဆိုင် ကျော်သန်း ဆီဆိုင်နှင့် သိန်းသန်း ဆီဆိုင်များမှ ဆက်ကြေးများ ပေးဆောင်းရန် ဆက်ကြေးကောက်ခံမှုများရဲတင်းစွာဥပဒေမဲ့ ပြုလုပ် လာကြောင်းသိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ကုလားတစ်ဦးနှင့်ရှမ်းအမျိုးသားလူငယ်တစ်ဦးတို့သည်နံပါတ် မပါဆိုင်ကယ်အားစီနင်းလာပြီးကျောက်မဲမြို့ခိုမုန်းကျေးရွာ   အနီးမြ၀တီစက်သုံးဆီ အရောင်ဆိုင်(015) သို့ 
ဆက်ကြေးတောင်းစာ တစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်၎င်းတို့နှစ်ဦးသည် သီပေါဘက်မှစီးနင်း မောင်းနှင် လာသည်ဟုလည်း မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ သိရသည်။

ဆက်ကြေးတောင်းစာတွင် မြ၀တီဆီဆိုင်မှ ဆက်ကြေးငွေ ၈ သိန်းနှင့် ကျော်ဆန်းဆီဆိုင်မှ ဆက်ကြေးငွေ ၈ သိန်းအား ယခုလ ၁ ရက်နေ့ ၀န်ပန်-ဖီတစ် ရွာသို့ လာရောက်ပေးသွင်းရန် ဆက်ကြေးငွေ မပေးဆောင်ပါက SSPP/SSA မှ မည်သူ့မျက်နှာမှ ထောက်ထားမည် မဟုတ်ကြောင်း မြန်မြန်သွက်သွက် ပေးဆောင်ရန် ရေးသားထားပါသည်။ 

၎င်းစာတွင် SSA(၀မ်ဟိုင်း) တပ်ရင်း(၈၁၆)၊ တပ်မဟာ (၆၁၈)ဟု ဖော်ပြထားပါသည်။ ကျောက်မဲဒေသခံ အိုက်ထွန်းမှ ကျောက်မဲမြို့ သိန်းသန်း ဆီဆိုင် ၂ ဆိုင်ကိုလည်း ဆက်ကြေးငွေ ၁၅ သိန်းပေးရန် SSPP/SSA က ဆက်ကြေးတောင်းစာ ပေးပို့ထားတယ်။ 
ပြီးတော့ ကျောက်မဲမြို့ထဲက လျှို့ဝှက် ဆက်ကြေးပေးဆောင်နေရသော ကားဂိတ်၊ ရွှေဆိုင်များလည်း ရှိတယ်ဟု ၄င်းမှ ပြောပါသည်။ 

၂၀၁၄ ခုနှစ် မတ်လ ၉ ကလည်း SSPP/SSA ၏ ဆက်ကြေးကောက်ခံ မှုကြောင့် မြ၀တီ ခိုမုန်း ဆီဆိုင်မှ ဆက်ကြေးငွေ ၁၀ သိန်း ပေးဆောင်ခဲ့ရသည့် ဟု သိရသည်။ SSPP/SSA ၏ ဆက်ကြေးကောက်ခံများအား ရပ်တန့်စေရေး နှင့် အကာကွယ်ပေးနိုင်ရေး လွှတ်တော် ကိုယ်စား လှယ်များမှတစ်ဆင့် တင်ပြဆောင်ရွက်ရန် ဒေသခံများမှ လိုလားလျက် ရှိကြောင်းသိရသည်။

အိုက်ပီး

No comments:

Post a Comment