Tuesday, August 19, 2014

KIA မှ နမ့်တောင်းနှင့် ကောင်းခါးရွာကြား ဆိုင်ကယ်တား၍ ရွာသား တစ်ဦးအား ပစ်သတ်

20 August 2014

တနိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်အတွက်ရန်ကုန်မြို့တွင် ဆွေးနွေးပွဲ ပြု လုပ်နေစဉ် KIAမှ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာနေ ဇာနည်အောင် (၃၆)နှစ် အား သေနတ်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့က ပစ်သတ်ခဲ့ကြောင်းသိရသည်။

 သြဂုတ်လ ၁၆ ရက်နေ့က ဇာနည်အောင်နှင့် ၄င်း၏ ဇနီးဖြစ်သူ ဒေါ်နမ်ဘောက်တို့သည် နမ့်တောင်းမှ  ကောင်းခါးသို့   ဆိုင်ကယ်နှင့်ပြန်လာစဉ်ကောင်းခါးရွာ  အနီးတွင် KIA မှ ဆိုင်ကယ်အားတား၍
ဇာနည်အောင်၏  ၀ဲဘက်ရင်အုံနှင့်ဝမ်းဗိုက် တို့အားသေနတ်ဖြင့်ပစ်သတ် ခဲ့ပြီးဇနီးဖြစ်သူအား ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

အသတ်ခံရသူ ဇာနည်အောင်၏ အလောင်းအား ဒေါ်နန်ဘောက်နှင့် ဆွေမျိုးများမှ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။ ဒေါ်နန်ဘောက်မှာ ကချင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၄င်း၏ ယောကျာင်္းဖြစ်သူအားရက်စက်စွာ သတ်ဖြတ်သွားသော  KIA   (ကချင်တပ်မတော်)အားအရေးယူ   ဆောင်ရွက် ပေးရန် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

No comments:

Post a Comment