Monday, August 18, 2014

နောင်ပိန် ရွာသား တစ်ဦးအား SSA (၀မ်ဟိုင်း)မှ ဖမ်းဆီးခေါ်ဆောင်

19 August 2014

SSA(၀မ်ဟိုင်း)မှ ကျောက်မဲမြို့နယ်ရှိ ပင်တိန်ကျေးရွာနေ ရွာသား ဦးညွှန့်ဝင်းအား သြဂုတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

 နောင်ပိန်ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရSSA(၀မ်ဟိုင်း)အဖွဲ့က၄ ယောက်သြဂုတ်လ၁၆ရက်နေ့က ကျွန်တော်တို့ရွာကို သေနတ်တွေနဲ့ ရောက်လာတယ်။ ဦးညွှန့်ဝင်းနေအိမ်ကိုရောက်တော့   ဦးညွှန့်ဝင်းကို
 လက်ကိုင်ဖုန်းတောင်းတယ်။မရှိဘူးလို့ပြောတော့ဦးညွှန့်ဝင်းကိုက်ထိုးကြိတ်တယ်။ပြီးတော့SSA(၀မ်ဟိုင်း)မှ အိမ်ကိုမီးရှို့ပစ်မယ်ဟုခြိမ်းခြောက်ပြောဆိုပြီး နောင်ပိန်ရွာသားဦးညွှန့်ဝင်းအားကြိုးတုတ်ဖမ်းဆီးခေါ်ဆောင် သွားတယ်ဟု နောင်ပိန် ရွာသားတစ်ဦးမှပြောပါသည်။

SSA(၀မ်ဟိုင်း)အဖွဲ့များသည် ကျောက်မဲမြို့အနီးတ၀ိုက်တွင်ဆီဆိုင်များမှဆက်ကြေးကောက်ခံခြင်း၊ ဒေသခံရွာ သားများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်းများအား ကာကွယ် ပေးရန်ဆန္ဒ   ပြင်းပြနေကြသော်လည်းSSA(၀မ်ဟိုင်း) အဖွဲ့၏ အကြောက်တရားဖြင့်ချုပ်ကိုင်ထားမှုများကြောင့် ရေငုံ   နှုတ်ပိတ်နေကြ ရကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

No comments:

Post a Comment