Monday, August 11, 2014

ရှမ်းမြောက်ဒေသတွင် ဆင်းရဲချမ်းသာမရွေး ဆက်ကြေးကောက်ခံနေသော TNLA


11 August 2014

TNLA အဖွဲ့များသည် ရှမ်းမြောက်ဒေသတွင် ကျေးလက်နေ ဒေသခံများအား လူသစ်အဖြစ် အတင်း အဓမ္မစုဆောင်းခြင်း ကျောက်မဲ -မိုင်းလုံ ကားလမ်းတွင် ကူးသန်းရောင်းဝယ်မှုပြုလုပ်နေသော ယာဉ်များအား ဆက်ကြေးကောက်ခံမှုများပြုလုပ်သည့်အပြင် လက်လုပ်လက်စား ဒေသခံဆင်းရဲချို့တဲ့သော ရွာသူ/ ရွာသားများ
ထံမှလည်း ဆက်ကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

မူဆယ်မြို့ မန်တောင်းကျေးရွာနေ အိုက်လင်း၏ ပြောပြချက်အရ TNLA အဖွဲ့တွေ ရွာကို ယခုလ ၈ ရက်နေ့ နံနက် ၃နာရီမှာ ရောက်လာတယ်။ ပြီးတော့ ရွာကနေ တစ်အိမ်ထောင် ၂၅၀၀ ကျပ်နဲ့ ဆန် နို့ဆီဘူး ၄ လုံးစီတောင်းသွားတယ်။ သူတို့ တောင်းတဲ့ ဆက်ကြေးငွေ ပိုက်ဆံ ၂၅၀၀ နဲ့ ဆန် နို့ဆီဘူး ၄ လုံးမှာ ကျေးလက်နေ ဒေသခံများအတွက် တစ်ခါတစ်ရံပေးဆောင်ရပါက ၀န်ထုပ်ဝန်ပိုးမဖြစ်သော်လည်း ယခု ကဲ့သို့ မကြာခဏလာရောက်မှုများကြောင့် ဒေသခံများမှာ စိတ်သောက ရောက်နေကြကြောင်း အိုက်လင်းမှ ပြောပါသည်။ 

မူဆယ်မြို့ မန်တောင်းရွာသည် အိမ်ခြေ ၅၀ ကျော်ရှိပြီး ကချင်နှင့် ပလောင်လူမျိုးများ နေထိုင်ကာ အများစုမှာ တောင်ယာ လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment