Sunday, August 17, 2014

TNLA အဖွဲ့ မိုးမိတ်မြို့ ခက်ချယ်ကျေးရွာမှ ပလောင်လူမျိုး ၅၀ ဦးအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှုကြောင့် ရွာလုံးကျွတ် နည်းပါး ထွက်ပြေးတိမ်းရှောင်

18 August 2014

TNLAအဖွဲ့မှအိုက်ထွန်း နှင့်အဖွဲ့များသည်ယခုလ၈ရက်နေ့ကမိုးမိတ်မြို့နယ်ခက်ချယ်ကျေးရွာသို့ ရောက်ရှိ လာပြီး အသက် ၁၈ နှစ်မှ ၅၀ နှစ်ကြားရှိ ရွာသား ၅၀ ဦးအား လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ အဖမ်းခံ ထားရသူ ရွာသား ၅၀ ဦးမှ ရိုးရာနတ်ပူဇော်ပသလိုသူ ရွာသား ၂၀ ဦးကို ကျေးရွာတွင် ခေတ္တနေထိုင်ရန် ပြန်လွှတ်ပေးတယ်။  ပြီးတော့ ဘာသာရေးနတ်ဆရာ ၅ဦး
ကိုလည်း ပြန်လွှတ်ပေးတယ် ဟု ၄င်းကျေးရွာနှင့် ဆက်နွယ်မှု ရှိသူ မိုးမိတ်ဒေသခံ အိုက်ကြာ မှပြော ပါသည်။

 TNLA အဖွဲ့မှ ၄င်းတို့ ထံတွင် ဖမ်းဆီးထားသော ရွာသား ၂၅ ယောက်အား ၉ ရက်နေ့ နံနက် ၉ နာရီတွင် မန်ယွမ်းကျေးရွာဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဟုလည်း၎င်းမှပြောပါသည်။ခက်ချယ်ကျေးရွာသို့   ပြန်လည်ရောက်ရှိနေသော ကျေးရွာသား ၂၀ ဦးမှ ၁၈ ဦးမှာ TNLA အဖွဲ့သို့ မ၀င် ရောက် လိုသောကြောင့် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။ ခက်ချယ်ကျေးရွာသူ / ရွာသားများမှာလည်း TNLA အဖွဲ့၏ ခြိမ်းခြောက်နှိပ်စက်မှုများ ခံရမည်စိုးသောကြောင့် မိုးလို ၊ မိုးမိတ် ဒေသသို့ တစ်ရွာလုံး နည်းပါးထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုးမိတ် ဒေသခံ တစ်ဦးမှပြော ပါသည်။ 

ခက်ချယ်ကျေးရွာတွင် နေထိုင်သူအများစုမှာ လီးဆူး၊ ကချင်၊ ရှမ်းနှင့် ပလောင် လူမျိုးများဖြစ်ကြောင်း သိရသည်။TNLA(ပလောင်)အဖွဲ့သည်KIA ၏ ကြိုးဆွဲရာကနေရသောကြောင့် ၄င်းဒေသတွင် နေထိုင်သော ကချင်နှင့်ရှမ်းလူမျိုးများအား ဖမ်းဆီးခေါ်ဆောင်ပါက KIA/ SSA အဖွဲ့များ၏ နှိပ်ကွပ်ခံရမည်ကို စိုးရိမ်သောကြောင့် ပလောင်လူမျိုးနှင့် လီဆူး လူမျိုးများကိုသာ ဖမ်းဆီးစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု မိုးမိတ်ဒေသခံမှ ဆက်ပြောပါသည်။

 TNLAပလောင်အဖွဲ့သည်ပလောင်လူမျိုး ကောင်းစားရေး၊ပလာင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေ သည်ဟုမီဒီယာများနှင့်မြို့ပေါ်နေပလောင်လူမျိုးများရှေ့တွင်အသံကောင်းဟစ်နေသော်လည်း ကျေးလက်နေ အသိပညာကြွယ်ဝမှု နည်းပါသော ဒေသခံ ပလောင်၊ လီဆူး လူမျိုးများမှာ TNLA နှိပ်စက်သမျှ ၊ ရိုင်းစိုင်းယုတ်မာမှု မှန်သမျှအား မီဒီယာများ နောက်ကွယ်တွင် ခံစားနေရကြောင်း ပလောင်လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားသူ တစ်ဦးမှ သုံးသပ်ပြောကြားထားပါသည်။ 

မိုးမိတ်

No comments:

Post a Comment