Monday, August 4, 2014

SSA(၀မ်ဟိုင်း)အဖွဲ့တွင် မွတ်ဆလင် (ကုလား)လူမျိုးများ ထည့်သွင်းဖွဲ့စည်း

3 August 2014


SSA(၀မ်ဟိုင်း)အဖွဲ့များသည် SSPP/SSAကို စတင်ဖွဲ့စည်းချိန်ကရှမ်းပြည်တိုးတက်ရေး၊ ရှမ်းလူမျိုးများ   ကောင်းစားရေး ဆောင်ရွက်နေသည်ဟုဆိုသော်လည်း၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ရှမ်းပြည် တိုးတက်ရေး အသံကောင်းဟစ်ပြီး ၄င်းတို့အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်ရေး၊ အဖွဲ့အစည်း တစ်ခုကောင်း စားရေး ဦးတည်ပြီးအတင်း အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အသက်ငယ်ရှမ်းလူမျိုးများအပြင် ဘာသာခြား မွတ်ဆလင်
  (ကုလား)လူမျိုးများအား၎င်းတို့အင်အားတွင်ထည့်သွင်းဖွဲ့စည်းမှုများ ပြုလုပ်လာကြောင်း သိရ သည်။

 ရှမ်းပြည်တွင်နေထိုင် သော ညီအစ်ကို မောင်နှမ အများစုမှာ ရိုးသားဖြူစင်သော၊ ဗုဒ္ဓ ဘာသာကို သက်ဝင် ကိုးကွယ် ယုံကြည်သော ရှမ်းလူမျိုးများဖြစ်ပါသည်။ အလားတူ SSPP/SSA အဖွဲ့များမှာ လည်း ရှမ်းလူမျိုး ဖွဲ့စည်းထားသည်ဟုရှမ်းလူမျိုးတစ်ဦးအနေဖြင့်ယခင်ကယုံကြည်ခဲ့ပါသည်။သို့သော်ရှမ်းပြည် မြောက်ပိုင်းတွင် ထွက်ပေါ်နေသော သတင်းများအရ SSPP/SSAတွင် ရှမ်းလူမျိုးများအပြင် ဘာသာရေး အစွန်းရောက်သော (မွတ်ဆလင်) ကုလားလူမျိုးများပါ ထည့်သွင်းဖွဲ့စည်းလာကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇွန်လဆူပူမှုတွင် ထွက်ပြေးတိမ်းရှောင်နေသော မွတ်ဆလင် (ကုလား)လူမျိုးများကိုလည်း SSA (၀မ်ဟိုင်း)သို့ ၀င်ရောက် ခိုလှုံခွင့် ပြုပြီး ယနေ့အချိန်ထိ SSPP/SSA အဖွဲ့တွင် သိမ်းသွင်း ဖွဲ့စည်း ထားကြောင်းသိရသည်။ မိမိသည် ရှမ်းလူမျိုးတစ်ဦးဖြစ်သောကြောင့် ယခင်က SSPP/SSA တွင် မွတ်ဆလင် လူမျိုးများ ထည့်သွင်း ဖွဲ့စည်းထားမှုအား နည်းနည်းလေးမှ မယုံကြည်ခဲ့ဘူးပါ။ ယခုနောက်ပိုင်းတွင် SSA(၀မ်ဟိုင်း) တွင် မွတ်ဆလင် လူမျိုးများအား တပ်ဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းရုံသာမက ဆက်ကြေးကောက်၊ ဆက်ကြေး တောင်းစာ ပေးပို့သည့်နေရာတွင်ပါ SSA (မွတ်ဆလင်) ကုလားလူမျိုးများ ထည့်သွင်း အသုံးပြု လာကြောင်း ကျောက်မဲမြို့တွင် ဆက်ကြေးတောင်းစာ ပေးပို့ခဲ့သည့် သတင်းအရ သိရပါသည်။ 

၂၀၁၄ ဇူလိုင်လ ၃၁ ရက်နေ့ SSA(၀မ်ဟိုင်း)မှ ကျောက်မဲမြို့ရှိ မြ၀တီ(ခိုမုန်း) ဆီဆိုင်၊ သိန်းသန်း ဆီဆိုင်၊ ကျော်ဆန်းဆီဆိုင်များသို့ဆက်ကြေးတောင်းစာများပေးပို့ခဲ့ကြောင်းသိရသည်။ ဒေသခံမျက်မြင်များ   ပြောပြချက်အရ ၄င်းဆီဆိုင်များသို့ ဆက်ကြေးတောင်းစာ လာရောက်ပေးပို့ သူ ၂ဦးမှာ SSPP /SSA မှ မွတ်ဆလင်(ကုလား) လူမျိုး (၃၈)နှစ်ခန့်နှင့် အသက် ၂၅ နှစ်ခန့် အရွယ်ရှိ ရှမ်းလူမျိုး တစ်ဦး ဖြစ်ကြောင်း သိရသည်။ 

SSPP/SSA အဖွဲ့များသည် ရှမ်းပြည်ကောင်းစားရေး အကြောင်းပြပြီး ဒေသခံ ရှမ်းလူမျိုးများအား ဆက်ကြေးကောက်၊ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများပြုလုပ်သည့်အပြင် SSPP/SSA ရေရှည် ရပ်တည်နိုင်ရေးအတွက် လူမျိုးရေးအမြင်ကွဲပြားနေမှုမှ တဆင့် ဘာသာရေးကွဲပြားမှုအား ခုတုံးလုပ်ရန် ရည်ရွယ်ပြီး ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ဆောင်ရွက်နေမှုများအား ရှမ်းလူမျိုး တစ်ဦး အနေဖြင့် ယူကြုံမရ ၀မ်းနည်းမိပါသည်။

 ကျောက်မဲ၊သီပေါ ဒေသခံရှမ်းလူမျိုးမှSSPP/SSAလုပ်ရပ်များကြောင့်၎င်းအဖွဲ့အပေါ်ယုံကြည်မှု လျော့နည်းပြီး SSPP/SSA အဖွဲ့၏ လုပ်ရပ်များအား ကန့်ကွတ်တားဆီးရန် ဆန္ဒပြင်းပြနေကြောင်းသိရသည်။

 ကျောက်မဲ၊ သီပေါ ဒေသခံရှမ်းတိုင်းရင်းသားများ၏ဆန္ဒအရ

No comments:

Post a Comment