10 July 2014
အနုပညာ အလုပ်ဆိုတာက ကျောင်းတက် နေရသလိုပါပဲ။
ပညာဆိုတာ ဘယ်တော့မှ မကုန်နိုင်သလို ဘယ်လိုမှလည်း သင်လို့ ဆုံးမှာ မဟုတ်ပါဘူး။ အဲဒီ အတွက်ကြောင့် ကိုယ့်အတွက် ဗီဒီယို တစ်ကား ရိုက်နေရတာက ကျောင်းတက်ပြီး စာမေးပွဲ ဖြေနေ ရသလိုပဲ။ ဒီကား ထွက်လာရင် ပရိသတ် အားပေး ပါ့မလား ဆိုပြီးတော့ ရင်ခုန် နေရတယ်။ စိုးရိမ် နေရတယ်လေ။
အနုပညာ ဆိုတာကလည်း နူးညံ့သိမ်မွေ့ပြီး ခက်ခဲတဲ့ အရာ တစ်ခုပါ။
ဒါကြောင့် ညီမကတော့ အနုပညာနဲ့ ပတ်သက်ရင် ကိုယ့်ဘက်က ရိုက်ချင်တဲ့ ကာရိုက်တာ ဆိုတာထက် ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာကိုပဲ
အကောင်းဆုံးလုပ်သွားချင်ပါတယ်။ အောင်မြင်မှု ဆိုတာကကျရှုံးခြင်းရဲ့လက်တစ်ကမ်းပါပဲလို့ ခံယူထားတဲ့ ခင်ဝင့်ဝါရဲ့စကားသံကလည်း''ခဲလုံးတစ်လုံးကမိုးပေါ်ကိုပစ်လိုက်ရင်အပေါ်ကိုခဏလေး ရောက်သွားပေမယ့် ပြီးတော့ ပြန်ပြုတ်ကျလာတာပဲလေ။အဲဒီလိုပါပဲ ဘယ်အရာမှမမြဲဘူးလေ။ အောင်မြင်မှုပြီးရင် ကျရှုံးမှုဆိုတာ လာမှာပဲလေ။အဲဒါကြောင့် အောင်မြင်မှုမှာလည်းမသာယာနဲ့၊ကျရှုံးမှုမှာလည်းဝမ်းမနည်းပါနဲ့၊အဓိကကတော့ စိတ်ဓာတ်ပဲလေ။
အောင်မြင်မှု ဆိုတာ ကျရှုံးခြင်းရဲ့ လက် တစ်ကမ်းပါပဲ'' ဟု ပြောသည်။
ဒါရိုက်တာ ညိုမင်းလွင်၏ Facebook စာမျက်နှာပေါ်မှ ချီးကျူး စကားသံများနှင့် ပတ်သက်၍လည်း ''ကိုညိုမင်းလွင် ဆိုတာကလည်း ညီမရဲ့ ဆရာလိုရော အစ်ကိုလိုပါ စေတနာ ထားတဲ့ သူပါ။ ဒီလို ချီးကျူး ထားတဲ့အတွက်လည်း အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ကိုယ့်အနေနဲ့ ချီးကျူးခံချင်လို့ ဒီလိုလုပ်တာ မဟုတ် ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို ပြီးမြောက်ပြီးမှ နောက်ထပ် အလုပ်တစ်ခုကို လှမ်းတာ ကိုယ့်အတွက် ပိုကောင်းတယ်လေ။ အဲဒါကြောင့် ဒီဘက်မှာ မပြီးပြတ်သေးဘူး ထင်လို့ တစ်ဖက်ကို လက်လွှတ် လိုက်တာပါ'' လို့ ပြောပြ ခဲ့ပါတယ်။ ။
အိအိမြတ်
No comments:
Post a Comment