Wednesday, July 23, 2014

SNDP မှ တန့်ယန်းမြို့နယ် အတွင်း ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တင်ပြပေးခြင်းကို SSA(၀မ်ဟိုင်း)မှ တားမြစ်

22 July 2014

တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်၊ ဆယ်ဟီ၊ နားတန်၊ နားလတ်၊ တောင်လျှိုး၊ ကောင်းလန်း၊ မန်ကောင်း၊ ခမ်းပုံး၊ နမ့်ဆိုင်၊ နမ့်အွမ် ကျေးရွာအုပ်စုများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် SNDPမှ ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြု တင်ပြခဲ့ကြောင်းသိရသည်။ 

SNDPတင်ပြမှုအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရန်မိုင်းကောင် ကျေးလက်ကျန်းမာရေးမှူးမှ ဆေးပေး ခန်းဆောက်လုပ်မည့်နေရာများအားသွား ရောက်ကြည့်ရှုရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးလက် ဆေးပေး ခန်းဆောက်လုပ်ပေးရန်အခက်အခဲရှိကြောင်းနှင့်  ကျေးလက်ဆေးပေးခန်း  ဆောက်လုပ်  ပေးရန်မလိုကြောင်း
  ပြောဆိုခဲ့သည်ဟုသိရသည်။

SNDPမှတန့်ယန်းမြို့နယ်အတွင်းကျေးရွာများတွင်ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်လွတ်တော်တွင်တင်ပြ   ခြင်းမှာ ကျေးလက်နေပြည်သူများ၏ဆန္ဒဖြစ်ကြောင်းတန့်ယန်းမြို့ပေါ်ရောက်ရွာသားတစ်ဦး၏ ပြောပြချက် အရသိရသည်။

 ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများမှာကျန်းမာရေးစောင့်ရှောက်မှုပေးရန်အမှန်တကယ်လိုလား သော် လည်း SSA (၀မ်ဟိုင်း)အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးမည့်အဖွဲ့များ လာရောက်ခြင်းအား တားမြစ်ထားကြောင်း ကောင်းလန်းကျေးရွာနေ စိုင်းခမ်းမှ ပြောပါသည်။ 

SSPP/SSAအဖွဲ့များသည်မိမိတို့ မွေးရပ်မြေသည့်ရှမ်းပြည်နယ် ကောင်းစားရေးအသံကောင်းဟစ် နေသော် လည်း SNDP မှတင်ပြဆောင်ရွက်ပေးသည့် ကျေးလက်နေ ပြည်သူလူထုအတွက် အဓိက အရေးပါသော ကျန်းမာရေး စောင့်ရှောက်မှုပေးမည့်ကျေးလက်ကျန်းမာရေးမှူးများစေလွှတ်မှုအားကန့်ကွက် တားမြစ် ထားသည်မှာ SSPP/SSA အဖွဲ့၏ အပြောနှင့် အလုပ်ကိုက်ညီမှု မရှိသည့် လုပ်ရပ်များဖြစ်ကြောင်း တန်းယန်း ဒေသဖွံ့ဖြိုးတိုးတက်မှုလိုလားသော ဒေသခံများ ပြောပြချက်အရ သိပါသည်။

No comments:

Post a Comment