Friday, July 18, 2014

TNLA အဖွဲ့ လုပ်ရပ်များကြောင့် ပလောင်ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်မကျစေလို

19 July 2014

TNLA အဖွဲ့များသည် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင် မြို့နယ်များအတွင်း ကျေးရွာများတွင် မကြာခဏ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များ မကြာခဏကျူး လွန်နေ ကြောင်းသိရသည်။ 

ယခုလ ၁၃ရက်နေ့ကလည်း TNLAအဖွဲ့များသည် နမ့်ဆန်မြို့နယ်ဇယန်းကြီးကျေးရွာသို့ရောက်ရှိခဲ့ပြီး   တောင်ယာလုပ်ကိုင်သူသိန်းဌေးအောင်ပလောင်/ဗုဒ္ဓ နှင့်ရွာသား၉ဦးအား  အတင်းအဓမမ္မဖမ်းဆီး ခေါ်ဆောင်
 သွားကြောင်း ဇယန်း(မြောက်)ကျေးရွာနေ ရွာသားတစ်ဦးပြောပြချက်အရသိရသည်။

ပလောင်ကျေးရွာများတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးများ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျရခြင်းမှာ TNLA အဖွဲ့၏ တရားဥပဒေမဲ့ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ရိက္ခာ ဆက်ကြေးကောက်ခံခြင်း၊ ရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မူးယစ်ဆေးဝါးအကြောင်းပြ၍ အုပ်ချုပ်မှု ယန္တရားအားဝင်ရောက်စွက်ဖက်ခြင်းများကြောင့်တိုက်ပွဲများဖြစ်ပွားကာနယ်မြေတည်ငြိမ်အေးချမ်းမှု ပျောက် ကွယ်ခဲ့ရပြီး ၄င်းဒေသတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် ပညာရေး၊ ကျန်းမာရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များသွားရောက်တာဝန်ထမ်းဆောင်ရန် အခက်အခဲများကြောင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအားထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းဖြစ်ကြောင်း နိုင်ငံရေး   လေ့လာသူ တစ်ဦး၏ပြောပြချက်အသိရသည်။

 လေ့လာသူတစ်ဦး

No comments:

Post a Comment