1 July 2014
SSA(၀မ်ဟိုင်း) မှ သိန်းနီမြို့နယ်အတွင်းရှိ ကျေးရွာများအား တိုက်နယ်သတ်မှတ်ပြီး တိုက်နယ်တစ်ခုစီမှ ဆန်၃၀တင်းအားဇွန်လအတွင်း၎င်းတို့အမာခံများမှတစ်ဆင့်စုစည်းပေးပို့ရန်ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
SSA(၀မ်ဟိုင်း)အဖွဲ့၏တိုက်နယ်အဖြစ်သတ်မှတ်ခံရသော ကျေးရွာများမှာ ရေပုကျေးရွာ၊ ပန်ဖက်ကျေးရွာ၊ နားငင်းကျေးရွာ၊ မန်ချက်ကျေးရွာ၊ တန့်ဆော်ကျေးရွာ၊ မန်ပုပ်ကျေးရွာ ၊ ဟိုဖာကျေးရွာ၊ နားတီးကျေးရွာ ပန်လော့ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများအား တိုက်နယ် ၄ ခုသတ်မှတ်ထားပြီး တိုက်နယ် တစ်ခုလျှင်
ဆန်တင်း၃၀စီ စုဆောင်းပြီးပန်နားကျေးရွာနေ SSNAတပ်ဖွဲ့ဝင်ဟောင်း စိုင်းကြာပွင့်ထံသို့ ပေးပို့ ရမည်ဟု ဒေသခံရွာသားစိုင်းလုံမှပြောပါသည်။
လွယ်ငေါကျေးရွာနေ ရွာသားတစ်ဦး၏ ပြောပြချက်အရ သိန်းနီမြို့နယ်အတွင်းကျေးရွာအုပ်စုများမှ အထမ်း သမား ၂၀ ဦးစီ အား SSA(၀မ်ဟိုင်း)အဖွဲ့မှ အလှည့်စေခိုင်းမှုများပြုလုပ်နေကြာင်းသိရသည်။
စိုင်းလုံ
No comments:
Post a Comment