Wednesday, July 9, 2014

SSA(ရွက်ဆစ်)အဖွဲ့မှ ကျောက်ခေးလျံ သီပေါမြို့နယ် အတွင်း ကျေးရွာတစ်ရွာလျင် ၁၀သိန်း ဆက်ကြေးကောက်ခံ

8 July 2014

SSA(ရွက်ဆစ်)အဖွဲ့သည် ယခုလ ၂ရက်နေ့ကသီပေါမြို့နယ်အတွင်းကျေးရွာများမှ တစ်ရွာလျင် ဆက်ကြေး ၁၀ သိန်း ပေးသွင်းရန် ဘောကြိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား လျှို့ဝှက်စွာ ခေါ်ယူပြောဆိုခြင်း ပြုလုပ် ခဲ့သည့်ဟု သီပေါ ဒေသခံ အိုက်ပီး ပြောပြချက်အရသိရသည်။ 

SSA(ရွက်ဆစ်)အဖွဲ့မှ ကျောက်ခေးလျံ နှင့် အဖွဲ့များသည် ယခုလ ၂ ရက်နေ့က သေနတ်များနှင့် သီပေါ မြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီးအုပ်ချုပ်ရေးမှူးအား ခေါ်ယူတွေ့ဆုံ၍ ဘော်ကြို ကျေးရွာ အုပ်စုအောက်ရှိကျေးရွာများမှတစ်ရွာလျင်ငွေကျပ်  ၁၀သိန်း  စုဆောင်း၍    ဇူလိုင်လမကုန်မီဟိုမော်ကျေးရွာနေ
ဗိန္ဒောဆေးဆရာ     အိုက်စံထံသို့ မပျက်မကွက်     ကောက်ခံပေးသွင်းရန်နှင့် အချိန်မီ ကောက်ခံပေးသွင်းမှု မရှိသော ကျေးရွာများအား   အပြစ်ပေးဆောင်ရွက်သွားမည်ဟုခြိမ်းခြောက် ပြောဆိုသွားကြောင်းအိုက်ပီးမှ     ဆက်လက်ပြောကြားပါသည်။

 ကျောက်ခေးလျံ၏ ဆက်ကြေးကောက်ခံပေးရန်ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး များမှာ ၄င်းတို့ သတ်မှတ် ပေးထားသော ဆက်ကြေးငွေများရရှိအောင် တစ်အိမ်ထောင်လျင် ဆက်ကြေး ၁၀၀၀၀ကျပ်မှ၂၀၀၀၀ကျပ်ထိ ကောက်ခံမှုများ ပြုလုပ်နေသောကြောင့် ဒေသခံများမှာစိတ်သောက ရောက်   နေကြပြီးဆက်ကြေးကောက်ခံမှုများပပြောက်စေရန်လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့်အရေးယူ  နိုင်   ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

အိုက်ပီး၊ သီပေါ

No comments:

Post a Comment