Wednesday, July 9, 2014

Mdeia များတွင် အသံကောင်းဟစ်နေသော SSPP/SSA

9 July 2014

SSPP/SSA အဖွဲ့များသည် Media များနှင့် တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်စဉ် ရှမ်းလူမျိုးများကောင်းစာရေး၊ ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံရှမ်း တိုင်းရင်းသား များမှာ SSPP/SSA အဖွဲ့၏ ဆက်ကြေးကောက် လူသစ်စုဆောင်းမှုများကြောင့် မြို့ပေါ် ဘုန်းကြီးများနှင့် မြို့ပေါ် ဒေသများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ယခုရက်ပိုင်းတွင် SSPP/SSAအဖွဲ့များသည် ကျောက်မဲမြို့နယ်အတွင်းရှိနမ့်ပျဉ် ကျေးရွာသို့ ရောက်ရှိလာပြီး ကျွဲကုန်းရွာ၊   နောင်ပိန်လေးရွာ၊  နားထွမ်ရွာ၊  ဗူးခါးရွာ၊   နားခေါ်ရွာ၊  လွယ်ခေါ်ရွာ၊  ချောင်းချောက်ရွာ၊ ခဲမွန်ရွာ၊
ပန်းအုတ်ရွာများမှSSA (၀မ်ဟိုင်း)အဖွဲ့သို့ တစ်ရွာတစ်ဦးဝင်ရောက်ရန်နှင့် မ၀င်ရောက်ပါကဆက်ကြေးငွေ ၂၅သိန်းပေးသွင်းရန် ပြောဆိုသွားကြောင်း ကျောက်မဲဒေသခံအိုက်လင်း၏ ပြောပြချက်အရသိရသည်။ရွာမှာ ဆို အခု လူငယ်တွေ မရှိသလောက်ဖြစ်ကုန်ပြီ။

SSA(၀မ်ဟိုင်း)နဲ့ရွက်ဆစ်အဖွဲ့တွေလာပြီးလူသစ်စုဆောင်းဆက်ကြေးကောက်ခံမှုများမကြာခဏပြုလုပ်သော   ကြောင့် ရှမ်းလူငယ်လေးများမှာ ဧရာဝတီ တိုင်းဒေသမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေ့နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဟု၎င်းမှဆက်ပြောပါသည်။SSPP/SSAအဖွဲ့၏ အောက်ခြေအဖွဲ့ဝင်များမှာ ယခုကဲ့သို့စာနာထောက်ထားမှုကင်းမဲ့စွာအဖွဲ့အစည်းတစ်ခု ကောင်းစားရေးကိုဦးတည်ဆောင်ရွက်နေသော် လည်းSSPP/SSAအဖွဲ့ ခေါင်းဆောင်များမှာMediaများနှင့် တွေ့ဆုံဆွေးနွေးစဉ်ရှမ်းပြည်နယ် ကောင်းစားရေး၊ ရှမ်းလူမျိုးကောင်းစာရေး ဆောင်ရွက်နေသည်ဟု ဖြေကြားချက်များမှာ ………..?????? 

 အိုက်လင်း(ကျောက်မဲ)

No comments:

Post a Comment