2 July 2014
SSA(ရွက်ဆစ်)အဖွဲ့များရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ဒေသခံရိုးသားသော ကျေးလက်နေ ပြည်သူ များအားဖမ်းဆီး ဆက်ကြေးကောက်ခံခြင်း၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်သောကုန်ကားများနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများထံမှဆက်ကြေးငွေ ကောက်ခံခြင်းများပြုလုပ်၍၄င်းတို့အဖွဲ့တစ်ခု ကောင်းစားရေးကို သာ ရှေ့ရှု၍ ဥပဒေမဲ့လုပ်ရပ်များဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။ ယခုလဇွန်လ ၃၀ရက်နေ့ကလည်း
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော Jin Rui & Power Co;Ltd ၀န်ထမ်းများထံမှ ဆက်ကြေးငွေ သိန်း ၁၂၀ ခြိမ်းခြောက် တောင်းယူခဲ့ကြောင်းသိရသည်။
Jin Rui & Power Co;Ltd မှ ဦးရှင်းရှင်းတို့ ၂ ဦး ကုန်များတင်ဆောင်၍ ဆမ္မဆယ်ကျေးရွာမှ ထွက်ခွာခဲ့ရာ သီပေါမြို့နယ် ကုန်းသာကျေးရွာသို့ အရောက်တွင် SSA(ရွက်ဆစ်)မှ ဦးရှင်းရှင်းတို့ မောင်းနှင်လာသော ကားအားတားပြီး ဦးရှင်းရှင်းတို့ ၂ဦးအား ထိုးကြိတ်၍ ငွေကျပ်သိန်း ၁၂၀ ပေးရန်နှင့် မပေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့မှုကြောင့် အသက်သေမည်စိုး၍ ပေးခဲ့ရကြောင်း ပြည်ထောင်စု လမ်းမကြီးတွင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသည့် ခရီးသွား တစ်ဦး၏ ပြောပြချက်အရသိရသည်။
SSA(ရွက်ဆစ်)အဖွဲ့များသည် မြ၀တီ ခိုမုန်းဆီဆိုင်၊ သတ္ထုတွင်းလုပ်ငန်းရှင်များ ၊ ကူးသန်းရောင်း ၀ယ်မှု ပြုလုပ်သူများထံများ ဆက်ကြေးငွေကောက်ခံခြင်းများ ပြုလုပ်သည့်အပြင် စား၊ ၀တ်၊ နေ ရေး အဆင်ပြေအောင် ကြိုးစားလုပ်ကိုင် ရှာဖွေစားသောက်နေရသော ကျေးလက်နေ တိုင်းရင်းသားများကိုပါ ဖမ်းဆီး၊ခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုများအားကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာဥပဒေမဲ့ပြုလုပ် နေကြောင်း သိရသည်။
စိုင်းပီး (ကျောက်မဲ)
No comments:
Post a Comment