6 Oct 2014
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်း-လားရှိုးသွား ကားလမ်းပေါ်တွင် ယုဇနကုမ္ပဏီပိုင် ငွေစာရင်းစက် လိုက်လံ ရောင်းချနေသည့် ကင်တာ (အဖြူရောင်) 6E/9462 ယာဉ်အား SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃ ဦး လက်နက်များနှင့် ခြိမ်းခြောက် ၍ ငွေကျပ် ၉၂ သိန်းအားယူဆောင်သွားကြောင်းသိရသည်။
အောက်တိုဘာလ ၄ ရက်နေ့က ကျွန်တော် ယာဉ်မောင်း ကိုထွန်းလှိုင်နဲ့ ငွေစာရင်းစက်များရောင်းချပြီး တန့်ယန့်မှ လာရှိုး ကို မောင်းနှင်းလာရာ ည ၀၇၀၀ နာရီတွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃ ဦး သူတို့မှာ ပါလာတဲ့ လက်နက်နဲ့ခြိမ်းခြောက်ပြီး ကားကို ရပ်ခိုင်းတယ်။
ပြီးတော့ကျွန်တော်တို့ ၂ ယောက်ကို ကားပေါ်က ဆင်းခိုင်တယ်။ ကားပေါ်မှာ ငွေစာရင်းစက် ရောင်းလို့ ရတဲ့ငွေ ၉၂ သိန်းကိုယူသွားတယ်ဟု အဆိုပါ ၀န်ထမ်း၏ ပြောပြချက်အရသိရသည်။
ယုဇနကုမ္ပဏီပိုင် ၀န်ထမ်း ၂ ဦးမှာ မြောက်ဥက္ကလာနှင့် သာကေတ မြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့ပြုလုပ်မှုအား အရေးယူဆောက်ရွက်ပေးရန် ဦးချစ်မင်းမှ မိုင်းရယ် ရဲစခန်းသို့ သွားရောက် တိုင်ကြား ထားကြောင်း သိရသည်။
No comments:
Post a Comment