Tuesday, October 28, 2014

TNLA မှ ပလောင်လူမျိုး ၂၉ ဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းပေး

29 Oct 2014

TNLA မှ ကျောက်မဲခရိုင် နမ်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာမှ ရွာသား ၂၉ ဦးအား အောက်တိုဘာလ ၂၅ ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဖမ်းဆီးခံရသူများ ဆွေမျိုးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

 TNLA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ ဦးစန်လှူ၊ ဦးထွန်းခိုင်၊ ဦးဖိုးဆိုင်၊ ဦးပန်းညိမ်း၊ ဦးအိုက်သန်း၊ ဦးစံလွင် ဦးကျော်လွင်၊ ဦးကျော်နိုင်၊ ဦးကျော်ဝင်း၊ ဦးအိုက်မြတ်၊ ဦးအိုက်ထွန်း၊ ဦးအိုက်လမ်း၊ ဦးအောင်အေး၊ ဦးအိုက်ပို၊ ဦးအောင်နိုင်၊ ဦးကျော်ဌေး၊ ဦးနေအောင်၊ ဦးအောင်လွင်၊ ဦးအိုက်လော၊ ဦးအောင်သန်းထွေး၊ မောင်မင်းအောင်၊ မောင်ထွန်းနောင်၊ ဦးအိုက်လှ ၊ ဦးဘအုန်း၊ ဦးဘိုနီ၊ ဦးအောင်နိုင်လတ်၊ ဦးတင်လှိုင်၊ ဦးအောင်နိုင်၊ မောင်လှမောင် တို့ ဖြစ်ကြောင်းသိရသည်။ 

 TNLA အဖွဲ့များသည် ယခုကဲ့သို့ ဒေသခံပြည်သူများအား မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး ငွေတောင်းခြင်း၊ ငွေမပေးနိုင်ပါက လူသစ်အဖြစ် စုဆောင်းမှု ပြုလုပ်ပြီး အသက်ကြီးငယ်မရွေး စစ်သင်တန်းပေး နေကြောင်း သိရသည်။ 
 နမ့်ဆန်

No comments:

Post a Comment