Sunday, October 26, 2014

TNLA မှ နမ္မတူမြို့နယ် မန်စံကျေးရွာနေ ဒေသခံ ၃ ဦးဖမ်းဆီး ခေါ်ဆောင်၍ သိန်း ၃၀ ဖြင့်ရွေးခိုင်းမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်


26 Oct 2014

TNLA (ပလောင်)အဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင်း ဒေသခံများအား ဖမ်းဆီး ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံခြင်း၊ခရီးသွားများအားခြိမ်းခြောက်ငွေတောင်းခြင်းများကိုပလောင်လူမျိုးများ ကောင်းစားရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုသည့် စကားလုံးလှလှလေးသုံးပြီး ဒေသခံများအားဥပဒေမဲ့ ပြုလုပ်မှုများအား ၂၀၁၃ ခုနှစ်မှ စ၍ ယနေ့အထိ ကျူးလွန် ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 အောက်တိုဘာ ၁၈ ရက်နေ့က TNLA အဖွဲ့သည် နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာမှ မန်စံကျေးရွာ သို့ ရောက်လာပြီး ဦးအားကျို၊ ဒေါ်အေးညန်းနှင့် မောင်ငို့ တို့အား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မန်စံရွာသား တစ်ဦးမှပြောပါသည်။ ဖမ်းဆီးခံရသူ ၃ဦးမှ မောင်ငို့အား ငွေကျပ်၂သိန်းဖြင့် ပြန်လွတ်ပေးခဲ့ပြီး
ကျန်၂ဦးအားသိန်း၃၀ ဖြင့်လာရောက်ရွေးရန်မိသားစုဝင်များအားဆက်သွယ်ပြောဆိုထားကြောင်းသိရသည်။

ထို့ပြင်သီပေါနမ္မတူသွားကားလမ်းပေါ်တွင်သွားလာနေသောယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကိုလည်း မကြာခဏ ဆက်ကြေးကောက်ခံမှု ပြုလုပ်နေကြောင်း ယာဉ်မောင်း စိုင်းတိုးလွင်၏ ပြောချက်အရသိရသည်။ ယခုကဲ့သို့ ပြုလုပ် နေသော TNLA အဖွဲ့အား ဦးဆောင်သူမှာ ကျောက်ခွန်ဆာ ဖြစ်ပြီး ၄င်းတို့ အဖွဲ့များမှာ ပန်လုံကျေးရွာသို့ ရောက်ရှိပြီး ဥပဒေမဲ့ပြုလုပ်နေမှုများကြောင့် ပန်လုံ ရွာသူ/ ရွာသား အချို့မှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

No comments:

Post a Comment