SSA(ရွက်ဆစ်)အဖွဲ့မှ နောင်ချိုမြို့နယ် ဆီဆုံကျေးရွာအုပ်စု၊ ပလောင်ချောင်းကျေးရွာမှ ဦးစိုးမြင့်အား အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ဆောင်သွားကြောင်းသိရသည်။
မျက်မြင်ရွာသားတစ်ဦး၏ ပြောပြချက်အရ SSA(ရွက်ဆစ်)က ၂၅ ယောက်လောက်ရှိမယ်ဗျ။ ဆီဆုံကျေးရွာ ဘက်ကနေ ကား ၃ စီးနဲ့ ရောက်လာတာ။ ရွာကိုရောက်ပြီး ညနေ ၅ နာရီလောက်မှာ ဦးစံမြရဲ့သားဦးစိုးမြင့်ကို
ဖမ်းသွားတယ်။ ၄င်းတို့ အဖွဲ့ဦးစီးလာ သူမှာ ဆက်ကြေးတာဝန်ခံ အိုက်စံဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောပါသည်။
အိုက်စံ မှာ SSA ရွက်ဆစ်မှ ဆက်ကြေးတာဝန်ခံ တစ်ဦးဖြစ်ပြီး ကျွဲ၊ နွား မှောင်ခိုပြုလုပ်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလားနေသော ယာဉ်များအား မကြာခဏ ဆက်ကြေးကောက်ခံသူ ပြုလုပ်နေသူ တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
No comments:
Post a Comment