Tuesday, October 21, 2014

TNLA (ပလောင်)အဖွဲ့မှ ဖမ်းဆီးငွေကြေးတောင်းယူမှုအား သက်ဆိုင်ရာသို့ အကြောင်းကြားပါက အသက်အန္တရယ် စိုးရိမ်ရကြောင်း ဒေသခံများအား ခြိမ်းခြောက်ပြောဆို

22 Oct 2014

TNLA(ပလောင်)အဖွဲ့သည်ကွတ်ခိုင်မြို့နယ်အတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်အောင် ဆောင်ရွက်   နေသည်ဟု အင်တာနက်သတင်းများတွင် အသံကောင်းဟစ်နေသော်လည်း မြေပြင်တွင် မူးယစ်ဆေးဝါး အကြောင်းပြပြီး ဒေသခံပြည်သူများထံမှ ဖုန်း၊ ငွေ စသည့်တို့အား နိုင်ထက်စီးနင်း ယူဆောင်သည့် အပြင် ဖမ်းဆီးပြန်ပေးဆွဲ ငွေတောင်းခြင်းများပါ ပြုလုပ်နေကြောင်း ဒေသခံများ ၏ ပြောကြား ချက်အရသိရသည်။

 အောက်တိုဘာလ၁၁ရက်နေ့ကTNLA(ပလောင်)အဖွဲ့က၈ယောက်လောက်ရှိမယ်ဗျ။ကျွန်တော်တို့ နေတဲ့ လွယ်ကျောက်ရွာက ချိန်ကျားယုံရဲ့ နေအိမ်ကိုရောက်လာတယ်။ အဲဒီအိမ်မှာက ချိန်ကျားယုံးရဲ့ ဇနီး မအေးစိန် တစ်ယောက်တည်းရှိနေတယ်။ သူတို့တွေက အိမ်ထဲကို ၀င်ပြီး မအေးစိန်ကို လက်ထိပ် ခတ်တယ်။ ပြီးတော့ မူးယစ်ဆေးဝါး ရှာဖွေမယ်ဟု ပြောပြီး အိမ်ထဲမှာရှိတဲ့ ငွေတွေကို ရှာယူသွားတယ်ဟု ၄င်းကပြောပါသည်။ ပြီးတော့ ဦးရှောက်ရှမ်း နေအိမ်ကို ၀င်ပြီး မူယစ်းဆေးဝါးရှာဖွေသည့်ဟု အကြောင်းပြကာ နေအိမ်အတွင်းရှိ CDMA လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေများအား ရှာဖွေသိမ်းယူသွားပြီး ဦးရှောက်ရှမ်းအား လက်ထိပ်ခတ်
 ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

 TNLA အဖွဲ့များသည် ည ၁၁ နာရီ ၁၀ မိနစ်တွင် ဦးရှောက်ရှမ်းအား ပန်ကူရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် သိန်း ၁၇၀ ဖြင့် လာရောက်ရွေးယူရန် ညီဝမ်းကွဲ တော်စပ်သူ ဦးရှောက်ရှင်းထံသို့ အကြောင်းကြားခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ အကြောင်းကြားပါက အသက် အန္တာရယ်အတွက် အာမ ခံမည် မဟုတ်ကြောင်း ပြောကြားသွားသည်ဟု လွယ်ကျောက်ကျေးရွာနေ အမည် မဖော်လိုသူ ရွာသားတစ်ဦးမှ ပြောပါသည်။ 

TNLA သည် ရှမ်းမြောက်ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်သည့်လုပ်ငန်းများအား ဟန်ပြ လုပ်ဆောင်နေပြီး ယခုကဲ့သို့ ဒေသခံပြည်သူများအပေါ် နိုင်ထက်စီးနင်း ပြုလုပ်၍ေ ငွ ပစ္စည်းများ ရယူသည့်အပြင် ဖမ်းဆီးပြန်ပေးဆွဲ ပြုလုပ်နေမှုများအား ရပ်တန့်သွားရန် လိုလားသော်လည်း TNLA ၏ အကြောက်တရားဖြင့် စိုးမိုးထားမှုများကြောင့် ဒေသခံများမှာ ဆုတ်လည်းဆူး စားလည်းရူး ဘ၀နှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်းသိရသည်။ 

ကွတ်ခိုင်သား

No comments:

Post a Comment