Tuesday, October 28, 2014

ကျောက်မဲဒေသခံ ၂ ဦးအား SSA(၀မ်ဟိုင်း)မှ ဖမ်းဆီးခေါ်ဆောင်

28 Oct 2014

SSA(၀မ်ဟိုင်း)အဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်နေ့က ကျောက်မဲမြို့နယ် ခဲမွန်ကျေးရွာမှ ဒေသခံ ၂ ဦးအား မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ ခဲမွန် ကျေးရွာသူ ရွာသားများမှာ ရိုးသားစွာ နေထိုင်ပြီး စား၊ ၀တ်၊ နေ၊ ရေး အတွက် ရိုးသားစွာ ရှာဖွေလုပ်ကိုင် စားသောက်နေသူများ ဖြစ်ကြောင်း ခဲမွန်ကျေးရွာနေ ဦးစိုင်းမင်းအောင်က ပြောပါသည်။ 

SSA(၀မ်ဟိုင်း)အဖွဲ့က ၁၀ ယောက် ဆိုင်ကယ် ၅ စီးနဲ့ ကျွန်တော်တို့ ရွာကို ရောက်လာတယ်။ ပြီးတော့ ကျွန်တော့ အစ်ကို ဦးသန်းနု (၆၂) နဲ့စိုင်းဝင်းလှိုင်တို့ကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဟု ၄င်းကပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများနဲ့ ယနေ့အချိန်ထိ အဆက်အသွယ် မရ သေးကြောင်း လည်း ၄င်းမှပြောပါသည်။

 SSA(၀မ်ဟိုင်း)အဖွဲ့များသည်ကျောက်မဲမြို့နယ်အတွင်းကျေးရွာများတွင်တိုင်းရင်းသားများအပေါ်အနိုင်ကျင့်   နှိပ်စက်ခြင်းများ မကြာခဏပြုလုပ်နေပြီး ထိုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များအား အမြန်ဆုံးတားမြစ်  ဖြေရှင်း
ပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ILO သို့ တိုင်းကြားထားကြောင်းလည်း သိရသည်။

 SSA(၀မ်ဟိုင်း)အဖွဲ့သည်ယခုလ၁၈ရက်နေ့ကUPWCမှဦးသိန်းဇော်ဦးဆောင်သောအဖွဲ့နှင့်လားရှိုးမြို့တွင်   တွေ့ဆုံဆွေး   နွေးမှု ပြုလုပ်ထားသော အဖွဲ့လည်းဖြစ်သည်။

No comments:

Post a Comment