Friday, September 5, 2014

ရွာသားများအား ဖမ်းဆီး ပြန်ပေးဆွဲပြီး မူးယစ်ဆေးဝါး အကြောင်းပြ လက်တစ်လုံးကြား ပြုလုပ်နေသော TNLA


6 September 2014

TNLA အဖွဲ့၏ ဖမ်းဆီး ပြန်ပေးဆွဲခြင်းခံရသော လီရှော လူမျိုးများဖြစ်သည့် ဘွမ်ဆီ၊ ဦးဝမ်လောင်းနှင့် ဦးဝမ်ချိုက်ကျိုင်း တို့ ၃ ဦးအား ကုန်းကန်ရွာမှ သိမ်းဆည်း ရယူသွားသော ပြည့်သူ့စစ် ယူနီဖောင်းများ ၀တ်ဆင်စေပြီးTNLAမှ ၄င်းတို့တွင် အသင့်ပါလာသော မူးယစ် ဆေးဝါးများနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းမှုအား လုပ်ကြံ ဖန်တီးမှတ်တမ်း ဓာတ်ပုံ ရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦးအား မေးမြန်းချက် အရသိရသည်။ 

TNLA(ပလောင်)အဖွဲ့များသည် သြဂုတ်လ ၃၁ ရက်နေ့က ဘွမ်ဆီအားကျပ်သိန်း ၁၀၀ဖြင့် လာရောက်ရွေးယူုရန် တရုတ်ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်းသိရသည်။ ဆက်သွယ်မှု ရသည်နှင့် ကုန်းကန် ရွာသူကြီး ဦးကျိမ်းထန်းလျှံနှင့် ရွာသား ၃ ဦးတို့သည် ငွေကျပ် သိန်း ၁၀၀ အား ဘွမ်ဆီ
ဖခင်ဖြစ်သူထံမှ ဆက်သွယ်တောင်းယူပြီး TNLA အဖွဲ့ ခေတ္တနေထိုင်သည့် ဟိုပုံရွာသို့သွားရောက်၍ သိန်း ၁၀၀ ပေးမှသာ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

TNLA ခေါင်းဆောင်ဖြစ်သူတစ်ဦးမှ ကျန်ရှိနေသော ဦး ၀မ်လောင်းနှင့် ဦးဝမ်ချိုက်ကျိုင်းတို့ ၂ ဦး အား စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ငွေကျပ် သိန်း ၅၀၀ အား ဟိုနှော ရွာသြူကီး နှင့် ဇနီးထံသို့ လာရောက်ပေးရန်နှင့် သိန်း ၅၀၀ ပေးမှသာ ပြန်လည်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ TNLA မှ ၄င်းတို့ သတ်မှတ် ပေးထားသည့် သိန်း ၅၀၀ အား စက်တင်ဘာလ ၁၀ ရက်နေ့ အရောက် မပေးပါက ဖမ်းဆီးခံထားရသူ ၂ ဦး သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အမည်မဖော်လို သူ ၄င်းရွာနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးမှ ပြောပါသည်။ 

 TNLA ပလောင် အဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင် မူးယစ်ဆေးဝါး ဖျက်ဆီးမှု မှတ်တမ်း ဓာတ်ပုံများအား လုပ်ဇာတ်ခင်း မှတ်တမ်းတင်မှုများပြုလုပ်၍ Media များတွင် ၀ါဒ ဖြန့်နေပြီး ဒေသတွင်း ထွက်ပေါ်နေသော သတင်းများအရ TNLAမှ ရွာသားများအား ဖမ်းဆီးပြီး ၄င်းတို့ စိုက်ပျိုး ရရှိသော မူးယစ်ဆေးဝါးများနှင့် ရှမ်းမြောက်ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှု ပပျောက်အောင် ပြုလုပ်နေ သယောင် လက်တစ်လုံးကြား အမြတ်ထုတ်ပြုလုပ်နေကြောင်း TNLA အရေးလေ့လာသူ တစ်ဦးမှ ပြောကြားထားပါသည်။

No comments:

Post a Comment