တွေ့ဆုံဆွေးနွေးမှုတွင်ပါ၀င်သော
ဒုဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦး ၏ ဖေ့စ်ဘုမှ ကူးယူဖော်ပြသည် ။
၂၀၁၆ ဂျွန် ၁၇ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄
မိုင်းလားမြို့ သို့ ၂၁ ရာစု ပင်လုံ ညီလာ ခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ
တင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့ ညအိပ်ခရီး ဖြင့်ရောက် ရှိလာကာ မိုင်းလား
အဖွဲ့ခေါင်းဆောင် စိုင်းလင်းဦးဆောင်သော အထူးဒေသ ၄ ကိုယ်စား လှယ် ၊
ဦးကျောက်ကော်အန်း ဦးဆောင်သော အထူးဒေသ (၂) ‘ဝ’ တပ် ဖွဲ့ကိုယ်စား လှယ်တို့ နှင့်
တွေ့ဆုံကြရာ NLD အစိုးရ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံအား တက်ရောက်ဖို့
သဘောတူကြသည်ဟု ဤကဲ့သို့ပြော သည် ။
“ ဟုတ်တယ် ဝ တပ်မတော်ကိုယ်စားလှယ်တပ်ဘက်ခေါင်းေဆာင် ကျောက်ေကာ်
အန်း နဲ့ အဖွဲ့လဲ ဒီမှာ ဘဲ လာတွေ့တယ် ။ သီးခြားစီတွေ့ကြတ ယ် ။ နောက်
ပြီးတော့အပြန်အလှန်ပြန်ညှိကြပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု
ပင်လုံညီလာခံကိုသွားတက်ဖို့ သူတို့မပြန် ခင်မှာဘဲ အကြောင်း ပြန်ပေးလိုက်တယ် ။
အဲဒီညီလာခံ သွားတက်ဖို့ ” – ဟု အမည်မဖေါ်လိုသည့် ခေါင်းဆောင် ပိုင်းတဦးက ပြောသည် ။
၁၉၈၉ က ခုနှစ်က ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် အထူးဒေသ (၂) ဝ
ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော် နှင့် အထူးဒေသ ၄ (မိုင်းလား)
အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်ပေါင်းစု တို့သည် ၂၀၁၁ ခု နှစ်က
ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
လက်မှတ်ရေးထား၏ ။ တက်လာသည့်အစိုးရသစ်နှင့်သာ နိုင်ငံရေးကိစ္စရပ် များ ဆွေးနွေးမည်ဖြစ်
သည် ဟု ယုံကြည်လက်ခံထားသောကြောင့် ယခုတွေ့ဆုံမှုသည်အပေါင်းလက္ခဏာဆောင်ကြောင်းလည်း
ပြောသည် ။
“ ကျနော်တို့က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး
လက်မှတ်ရေးထိုးထားပြီလေ ။ ဒါ့ ကြောင့် NCA လက်မှတ်မထိုးဘဲ
နိုင်ငံရေးဆွေးနွေးပွဲမှာဘဲ တခါထည်းပါဝင်လိုတာ ။ ဒါကြောင့် ဦးသိန်းစိန် အစိုးရတို့
တပ်မတော်တို့က သိပ်လက်မခံချင်ဘူး ” – ဟု ဆိုသည် ။
၂၀၁၆ ဖေဖေါ်ဝါရီလ က ဦးသိန်းစိန်အစိုးရမှ ဦးစည်းကျင်းပ သည့်
နေပြည်တော် ငြိမ်းချမ်းရေးညီလာခံ ကြီး အားလည်း ဝ နှင့် မိုင်းလား တပ်ဖွဲ့ ကိုယ်စား
လှယ်စေလွှတ်ခြင်းမရှိပေ ။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့ သည် ဂျွန်လဆန်းပိုင်းက
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၊ NCA
လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ညီညွှတ်တော် တိုင်း ရင်းသား
လူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့တို့အားတွေ့ဆုံပြီးဖြစ်၏ ။ ဝ နှင့် မိုင်းလား တပ် ဖွဲ့
အား တွေ့ဆုံ ပြီးလျှင် လက်နက်နက်ချရန် နည်းလမ်း တခုတည်း သာရှိသည်ဟု
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာဇဒဏ်ချထားသည့် တိုက်ပွဲဝင်ဆဲ ကိုးကန့် MNDAA၊
တအာင်း(ပလောင်) TNLA ၊ ရခိုင် AA တို့ နှင့်လည်းတွေ့ဆုံသွားမည်ဟု
ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။
Burmese
No comments:
Post a Comment