မြန်မာအစိုးရ
နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် ၈ ခု ချင်းမိုင်မြို့၌ ယနေ့ ဂျွန် ၂၄ ရက်နေ့ တွင်
တွေ့ဆုံ ဆွေး နွေးမှု စတင်နေသည် ။
ယနေ့
ချင်းမိုင်မြို့ ဟော လီးဒေးအင်းတွင်ကျင်းပလျက်ရှိသော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၈ ခု၏ တွေ့ဆုံပွဲ
ယနေ့
ချင်းမိုင်မြို့ ဟော လီးဒေးအင်းတွင်ကျင်းပလျက်ရှိသော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၈ ခု၏ တွေ့ဆုံပွဲ
ဂျွန်
၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဟော လီးဒေးအင်း၌
တွေ့ဆုံရာ တွင် ၂၁ ရာစု ပင်လုံညီလာခံကိစ္စ၊ နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော်အတိုင်အပင်ခံ
ဒေါ်အောင်ဆန်းစု ကြည် နှင့် တွေ့ ဆုံသွားမည့် ကိစ္စ၊ ရှေ့ဆက်နိုင်ငံရေးဆွေးနွေးပွဲအတွက်
လက်တွဲဆောင် ရွက်သွားနိုင် ရေးဗျူဟာ ၊ မဟာဗျူများ ဆွေးနွေးချမှတ်သွားမည်ဟု အခန်းအနားမှူး
အဖြစ် တာဝန်ယူသည့် ချင်း အမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး က အစည်းအဝေးစတင်ချိန်တွင်
ပြောကြားလိုက်သည် ။
“ မိမိတို့မှာ လက်နက်ကိုင်ဆောင်လျက် နိုင်ငံရေးဆွေးနွေးနေတာဖြစ်တဲ့
မိမိတို့ မှာ အခွင့်အရေးနဲ့ စိန်ခေါ်မှုများရှိနေပါတယ်။ အားသာမှု လက်နက်ကိုင်ေ ဆာင်
လျက် ဆွေးနွေးနေသည့် အင်အားစုများ အတွက် ကိုယ်စားပြုနိုင်သလို၊ နိုင်ငံရေးပါတီများနှင့်
အနီးကပ် လုပ်ဆောင်နိုင်ပါသည် ။ …. ညီနောင် တိုင်း ရင်း သားများ ငြိမ်းချမ်းရေးနှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အဓိပ္ပါယ် ရှိစွာပါဝင်ရေး သည် အရေးကြီးပါသည် ” – ဟု
သဘာပတိ ဖြစ်သူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က အဖွင့်မိန့်ခွင်းတွင် ထည့်သွင်းပြောကြားသွား
သည် ။
ယခုတွေ့ဆုံမှုသည်
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက် မှတ်ရေးထိုးထားသည့်တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့
များဦးခေါင်းေ ဆာင်ပိုင်းအများစုက ဦးဆောင်တက်ရောက်သည် ။
တနိုင်ငံလုံး
ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်း သား လက်နက်
ကိုင်တပ်မတော် ၈ ခုဖြစ်သော သျှမ်းပြည် တပ်မတော် RCSS/SSA ၊ ပအိုဝ်း PNLO ၊ ချင်း
CNF ၊ ကျောင်းသားတပ် မတော် ABSDF၊ ကရင် KNU ၊ DKBA ၊ KNLA-PC နှင့် ရခိုင် ALP တို့တက်ရောက်သည်။
Burmese
No comments:
Post a Comment