ယခုသီတင်းပတ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင်အလည် အပတ်ခရီးစဉ်အဖြစ် ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော
မြန်မာနိုင်ငံမှ ထွက်ခွာစဉ် စစ်အာဏာသိမ်းအဖွဲ့အုပ်ချုပ်နေသော ထိုင်းနိုင်ငံသို့ သွားရောက်ခြင်းသည်
အရှေ့တောင် အာရှ အိမ်နီးချင်းနိုင်ငံများအတွက် ပြောင်းလဲလာနေသော အခွင့်အလမ်း များကို
မီးမောင်းထိုးပြနေသည်။
ပြီးခဲ့သောနှစ်
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ယနေ့မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်
သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အုပ်ချုပ်နေသည်။
တရုတ်ပြီးလျှင်
မြန်မာနိုင်ငံနှင့် ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံကမူ လွန်ခဲ့သော
နှစ်နှစ်က စစ်အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားအစိုးရအုပ်ချုပ်ရေး ပြန်လည်တည်ဆောက်ရန်
နည်းလမ်းကို ရုန်းကန်ရှာဖွေနေရဆဲဖြစ်သည်။
“ဒီခရီးစဉ်ဟာ အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား
နိုင်ငံရေးအခြေအနေတွေရဲ့ စိတ်ဝင်စားစရာ ပြောင်းပြန်ဖြစ်သွားမှု ကို စိတ်သက်သာရအောင်
လုပ်ပေးရုံတင်မကဘူး တကယ်လက်တွေ့ဆောင်ရွက်စရာတွေလည်း ပါပါတယ်”ဟုလန်ဒန်မဟာဗျူဟာလေ့လာရေးဗဟိုဌာနမှသုတေသီတဦးဖြစ်သည့်
မစ္စတာဟာဗေလေမာချူးက တင်ပြခဲ့သည်။ဆွေးနွေးပွဲများမှာအဓိကအားဖြင့်ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုနှင့်ရွှေ့ပြောင်းအလုပ်သမားကိစ္စများ
ဖြစ်မည်ဟု ၄င်းက မျှော်လင့်ထားသည်။
လွန်ခဲ့သောဆယ်စုနှစ်များက
ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်နေချိန်တွင် မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံ အဖြစ်သို့
လျော့ကျသွားခဲ့သည်။ ယနေ့ကာလတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အလျင်မြန်ဆုံး
တိုးတက် လာနေသည့် စီးပွားရေးနိုင်ငံဖြစ်လာပြီး ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း
၈ ဒသမ ၄ ရာခိုင်နှုန်းရှိလာနိုင် သည်။ တချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း
ခန့်မှန်းချေမှာ ၃ရာခိုင်နှုန်းမျှသာရှိသည်။
မြန်မာနိုင်ငံတွင်
မတ်လ ဘတ်ဂျက်နှစ်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ စံချိန်တင် အမေရိကန်ဒေါ်လာ
၉ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ထိုင်းနိုင်ငံ၌မူ ယမန်နှစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
၇၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ရင်းနှီးမြှုပ်နှံသူများက ပြောသည်။
“ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့မကြာသေးမီကအာဏာရှင်အုပ်ချုပ်ရေးပုံစံကိုယူထားတယ်။
မြန်မာနိုင်ငံက ထိုင်း နိုင်ငံရဲ့ ရွှေခေတ်ဖြစ်ခဲ့တဲ့ ၁၉၈၀ ခုနှစ်က ပုံစံကိုယူထားတယ်”
ဘန်ကောက်မြို့ရှိ ကာဆီကွမ်ဘဏ်မှ အရင်း အနှီးသုတေသနဌာနအကြီးအကဲ မစ္စတာကော့ဆစ်တီဆီလ်ပါချိုင်က
ဝေဖန်ခဲ့သည်။
အလုပ်သမားခဈေးချိုမှု၊
နေရာများစွာ၌ စားသုံးသူဈေးကွက်များ ဖွင့်လှစ်ပေးရန်ရှိနေမှုနှင့် များစွာ ပေါကြွယ်ဝ
သော သဘာဝရင်းမြစ်များကြောင့် မြန်မာနိုင်ငံသည် ဆွဲဆောင်မှုရှိနေချိန်တွင် ပေါ်လစီများ
ဆက်လက်လုပ် ဆောင်မှုမရှိ၍ ရင်းနှီးမြှုပ်နှံသူများကို မောင်းထုတ်နေကြောင်း ၄င်းက ပြောခဲ့သည်။
နှစ်နိုင်ငံစလုံးမှာ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။
ဒေါ်အောင်
ဆန်းစုကြည်၏ပါတီသည် ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးစဉ်က တပ်မတော်ကို နိုင်ငံရေးနယ်ပယ်
မှ ထွက်ခွာရန် တွန်းအားပေးခဲ့သည်။
ထိုင်းနိုင်ငံတွင်မူ
ထိုင်းစစ်အာဏာသိမ်းအဖွဲ့က စစ်တပ်ဗိုလ်ချုပ်ကြီးများကို ပို၍အာဏာရရှိစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတရပ်ကို
သြဂုတ်လတွင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန် ကြိုးစားနေကြသည်။
ယနေ့
မြန်မာနိုင်ငံတွင် စစ်ဘက်နှင့် အရပ်ဘက်သည် လက်တွေ့ကျသော ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး
လုပ်ငန်းစဉ်တရပ် ကျင့်သုံးနေပုံရပြီး ထိုင်းနိုင်ငံတွင်မူ ယင်းကဲ့သို့ လမ်းစဉ်မရှိချေ။
မြန်မာ့တပ်မတော်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို အာဏာမျှဝေ သုံးစွဲမှုအတွက်
ပူးပေါင်းဆောင်ရွက်ရေးတွင် အောင်မြင်မှုရနေသည်။ သို့သော်လည်း အရပ်သားထိန်းချုပ်မှုကို
တပ်မတော်က ဟန့်တား ထိန်းချုပ်ခွင့်မရှိနိုင်ဟု ချင်းမိုင်ရှိ အရှေ့တောင်အာရှလေ့လာရေးဌာနမှ
သုတေသနညွှန်ကြားရေးမှူး မစ္စတာ ပေါချိန်ကာက တင်ပြခဲ့သည်။ထိုင်းဗိုလ်ချုပ်ကြီးများကား
မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တမ်းတမ်းတတဖြစ်နေကြပေတော့သည်။
thithtoolwin
No comments:
Post a Comment