မြန်မာနိုင်ငံသားအေးဂျင့်
၃ ယောက်ကို လူမှောင်ခိုမှုနဲ့ ထောင်ဒဏ် ၄ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့ လေဆိပ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ပြည်ဝင်ဗီဇာအတု
ကိုင်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား ၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား၇၂ဦးလွတ်မြောက်ရေးအတွက် မြန်မာသံရုံးမှ ရှေ့နေငှားရမ်းကာ
ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသား
၇၂ ဦးကို မလေးရှားနိုင်ငံ ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသားအေးဂျင့် တွေဖြစ်တဲ့
ဦးမြင့်စိုး၊ ဒေါ်စုမြတ်နန္ဒာဝင်းနဲ့ ဒေါ်အိသူဇာဦးတို့ကို ဇွန်လ ၂၀ ရက်နေ့က
ဆီပန်းတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။
DVB
No comments:
Post a Comment