28.6.2016
လားရှိုးမြို့
(၆)မိုင်မှ စစ်ဘေးရှောင် လီဆူတိုင်းရင်းသားများထံ ကုမုဒြာပရဟိတ လူမူရေးအဖွဲ့နှင့် ဆရာမအချို့မှ
ဇွန်လ၂၆ရက်နေ့၊ ညနေ(၂း၃၀)အချိန်ပသွားရောက် ဒါနပြုခဲ့ကြသည်။
ပရဟိတအဖွဲ့မှ
အတွင်းရေးမှူး ကိုအောင်လွင်ဦးမှ "ကျွန်တော်တို့အဖွဲ့ဟာ ခက်ခဲနေတဲ့ မည်သူကိုမဆို
ကူညီလိုတဲ့ စိတ်ဆန္ဒနဲ့ ဆရာမတို့အဖွဲ့လေးနဲ့အတူပူးပေါင်းပြီး လာရောက်ကူညီကြတာပါ၊ အသင်းဖွဲ့လေး
ကိုလည်းတက်အားသလောက်ငွေကြေး ၊လူအင်အားဖြင့်ဖွဲ့စည်းထားပါတယ် ယခုလိုလာရောက်လှူဒါန်း
ရတဲ့အတွက် ပြောမပြတက်တက်အောင်ပိတိ ဖြစ်ရပါတယ်ငွေပမာဏာအားဖြင့် ကျပ် ( ၁၀၀၀၀၀ ) တစ်သိန်းခန့်
နှင့်တခြားအသုံးဆောင် ပစ္စည်းများကိုလည်း စေတနာတဒါတရား ထက်တန်စွာဖြင့် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်"ဟုပြောကြားခဲ့သည်။
ထိုနေရာတွင်သာသနာပြုနေသော
ဆရာမအလူးမိမှလည်း "ကျွန်မတို့ဒီရောက်တာမကြာသေးပေမယ့် ပညာဒါန တက်အားသလောက် ဆရာ(၂)ဦး
၊ဆရာမ (၃)ဦးတို့နဲ့အတူ သင်ကြားပေးလျက်ရှိပါတယ် သူတို့တွေ နယ်မြေသစ်လည်းဖြစ်နေတာကြောင့်
ကျန်းမာရေးနင့်ရေတော်တော်ခက်ခဲနေပါတယ် တစ်ခုခု နာမကျန်းဖြစ်ရင် ဆရာတော်နဲ့ပရဟိတ အဖွဲ့တွေ့မြို့ကို
မိနစ်၃၀ လောက်မောင်းပြီး ကုသနေရပါတယ် တိုင်းရင်းသားတွေလည်း စိတ်ဆန္ဒရှိမယ်ဆိုရင်ကျန်းမာရေးနဲ့ပညာရေးအတွက်တက်အားသလောက်ကူညီပေးစေချင်တာအမှန်ပါ"ဟုပြောပြခဲ့သည်။
ဆရာတစ်ဦးဖြစ်သူ
ဆရာဇော်ထူးမှလည်း "သူတို့လေးတွေကို တက်အားသလောက် ပညာသင်ပေးရတာ ပြောမတက်အောင်ပီတိဖြစ်မိပါတယ်
ခုလိုလာရောက်လှူဒါန်းပေးသည့် အတွက်ကြောင့် ရွာသူ/သားများ ကိုယ်စား အများကြီးကျေးဇူးတင်မိပါတယ်
ဒီမှာလိုဘဲတခြားသောနေရာတွေပါ စစ်ဘေးဒဏ်ကို မခဲ့ကြရဘဲ ငြိမ်းချမ်းစွာ အတူတူနေထိုင်နိုင်ရင်သိပ်ကောင်းမှာဘဲ"
ဟုရင်တွင်းခံစားချက်များ ထုတ်ဖော်ပြောကြား ပေးခဲ့ပါသည်။
စစ်ဘေးရှောင်
လီဆူတိုင်းရင်းသားများ လားရှိုးမြို့၆မိုင် သို့ရောက်ရှိလာသည်မှာ၆လခန့်ရှိပြီဖြစ်ကြောင်း
သိရှိရသည်။
Lashio Media
No comments:
Post a Comment