လားရှိုးမြို့
ရပ်ကွက် ၁ နယ်မြေ၉ ဓမ္မဂုဏ်ရည်လမ်းသွယ်၂ တွင် ကျောက်လှဲ့၊တုတ်၊ကျောက်ခဲ ကိုင်ဆောင်ထားသူ ကိုဝင်းအောင်သည် ယနေ့နံက် ၇နာရီအချိန်ခန့်တွင် ၎င်းမိခင်မှအိမ်နီးချင်းဖြစ်သူ ဒေါ်တင်နွဲ့အသက်၅၅နှစ်အားဘုရားပန်းများလာယူရန်ခေါ်သဖြင့် ရောက်သွားစဉ် နောက်မှချုပ်ကိုင်ပြီး ကျောက်လှဲ့ဖြင့်
ထိုးသဖြင့် ဒေါ်တင်နွဲ့မှာ ကြောက်လန့်တကြားထွက်ပြးပြီး အရေးပေါ်ဆေးရုံသို့သွားပြီး ဆေးရုံတက်နေခဲ့ရ။
၎င်းဖြစ်စဉ်အားနယ်မြေမှူးမှ ကျနော့ထံ အကြောင်းကြားခဲ့ရာ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းထွန်းထံ
ဖုန်းဖြင့်အကြောင်းကြားခဲ့ပြီး ၁၅မိနစ်အတွင်း နယ်ထိန်းအဖွဲ့အချို့ ရောက်ရှိလာပြီးကျောက်လှဲဖြင့်
ထိုးသူအား ၎င်းအိမ်အတွင်း ၀င်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် နယ်မြေမှုး။ဆယ်အိမ်မှူးတို့နှင့်အတူ
စက်မှုလယ်ယာ ကွက်သစ်ဘက်သို့ရဲများနှင့်အတူဖမ်းဆီးရမိရေးကြိုးပမ်းစဉ် ကျနော်တို့သားအဖနှစ်ဦးနှင့်လုံးထွေးဖမ်းခဲသော်
လဲကျောက်လှဲ့နှင့်ထိုးပြီးပြေးရာ နယ်ထိန်းအဖွဲ့မှ ရဲဒုတက၂ဦးမှာ ဖိနပ်ကျွတ်သွားသော်လည်း
ဆူးပင်များကြားတွင် မုဆိုးခြေထောက် ဆူးမကြောက်သကဲ့သို့ တရားခံဟုယူဆရ သူနောက်လိုက်လံဖမ်းဆီး
ခဲ့သည်ကိုလဲ မှတ်တမ်းတင်ဂုဏ်ပြုသကဲ့သို့ ၎င်းတရားခံဟုယူဆရသူ ၎င်းအိမ်ထဲမှ အဖမ်းမခံဘဲအိပ်ခန်း
တံခါးဖွင့်သည့် ရဲတပ်ဖွဲ့ဝင်များအား အထဲမှ တုတ၊်မီးသီး၊ကျောက်ခဲများနှင့် ပစ်ပေါက်ခဲ့မှုကြောင့်နယ်မြေ
မီးသတ် ထပ်မံဖြည့်တင်းရဲတပ်ဖွဲ့ဝင်များ ရမခမှတပ်ကြပ်တစ်ဦး အပါအ၀င်တို့မှ တနာရီနီးပါး
အမျိုးမျိုးဖြောင်းဖျ ပြောဆိုသော်လဲမရသဖြင့် အခမ်းတွင်းရှိကုတင်အား တွန်းလှဲပြီးဝင်ရောက်လုံးထွေးပြီး
ညာလက်တွင်ကြိုးနှင့် ပူးချည်ထားသော ကျောက်လှဲ့အား ၎င်း ဘယ်လက်မှတုတ် ကျောက်ခဲတို့ လုယူနိုင်ပြီး
ဖမ်းဆီးနိုင်ခဲ့ပါသည်။ ၎င်းအားမြို့မရဲစခန်းတွင်(ပ)၂၆၂/၁၆။ပုဒ်မ။၃၂၄ဖြင့်အမှုဖွင့် ဆောင်ရွက်ထားပါသည်။
ကျနော်တင်ပြလိုသည်မှာ နယ်ထိမ်းတပ်ဖွဲဝင်များထံ အမှုကိစ္စ သတင်းပေးစဉ် အချိန်တိုအတွင်းရောက်ရှိလာမှု။တရားခံဟု
ယူဆရသူအား မိမိအားရန်ပြုနိုင်သည့် လက်နက်ကိုင်ထား သူအားဖမ်းဆီးရမိရေး ဖိနပ်မပါသော်လည်းဆူးခြုံထဲ
မရှောင်လိုက်လံ ဖမ်းဆီးရန် ကြိုးစားမှု။အခမ်းတွင်းမှ ရရာပစ္စည်းများနှင့် ပစ်ပေါက်နေသည့်ကြားမှ
ချော့မော့ပြောဆိုစည်းရုံးခဲ့မှု။ မရတော့မှ အတင်းဝင်ရောက်လုံးထွေးမှု။ လမ်းကြုံစဉ်တရားခံဟု
ယူဆသူကိုချော့မော့ပြောဆိုစည်းရုံးခြင်း။ ရဲတပ်ဖွဲ့နှင့်အတူ ၀င်ရောက် လုံးထွေးဖမ်းပေးသော
ရမခ။ စစ်ရေးဌာနမှ တပ်ကြပ်တစ်ဦးတိုအား ဤသတင်းဆောင်းပါးဖြင့် အလေးပြုဂုဏ်ပြုအပ်ပါကြောင်း
ဒဏ်ရာရလူနာမှာ နဖူးတွင် ၃ချက် ချုပ်ထားရပြီး မစိုးရိမ်ရကြောင်းပါခင်ဗျာ။
Lashio Media
No comments:
Post a Comment