ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တောင်ငူ
ညောင်ကိုင်းတက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် ကျောင်းတက်သူ မမိုးမြင့်သူ (၁၈)
နှစ် ပထမနှစ် သင်္ချာအဓိက ကျောင်းသူသည် ဆိုင်ကယ် ဦးထုပ် ပြုတ်ကျသဖြင့်
လှည့်ကောက်ရန် ဆိုင်ကယ်အား ပြန်ကွေ့စဉ် နောက်မှ ရဲလင်းထွန်း (၁၈) နှစ်
မောင်းနှင်လာသော ဆိုင်ကယ်က၀င်တိုက်မိသဖြင့် မမိုးမြင့်သူတွင် နောက်စေ့၌
ဖူးရောင်ဒဏ်ရာရပြီး တောင်ငူဆေးရုံကြီးသို့ဇွန်လ၂၉ရက်နေ့၁၀နာရီခွဲမှာအတွင်းလူနာအဖြစ် ဆေးရုံတင် ခဲ့ရရာ နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံသို့
ဆက်လက် ပို့ဆောင် ပေးခဲ့ရပြီး ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၃ နာရီခန့်က
နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ပါတယ်။
အခင်းဖြစ်ပွားစဉ်နှင့် သေဆုံးချိန်များတွင် ကျွန်းကုန်း နာရေးကူညီမှုအသင်းနှင့် တောင်ငူနည်းပညာ တက္ကသိုလ်နာရေးကူညီမှုအသင်းတို့မှလိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ဖြူးမြို့ သေဆုံးသူ၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။
သစ်ထူးလွင်
No comments:
Post a Comment