Saturday, July 2, 2016

ထားဝယ်တွင် ဗိုလ်မှူးကြီးဗထူးရာပြည့် ကြေးရုပ်သွန်းလုပ်ထားရှိမည်

ထားဝယ်မြို့၊ ကမြောကင်း တံတားအနီးရှိ ဗိုလ်မှူးကြီးဗထူးရုပ်တုပန်းခြံ (ဓာတ်ပုံ − စိုးမိုးအောင်)
 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဗိုလ်မှူးကြီးဗထူး ရာပြည့်ပွဲတော်အထိမ်းအ မှတ်အဖြစ် ကြေးရုပ်သွန်းလုပ် ထားရှိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာ့လွတ်လပ်ရေး ကြိုး ပမ်းရာတွင် ထားဝယ်ဒေသခံ သူရဲကောင်းတစ်ဦးအဖြစ် ထင်ရှားသည့် ဗိုလ်မှူးကြီးဗထူး၏ နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် ဇွန်လ ၃၀ ရက်တွင် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ဒေသခံများဖြင့် ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအ မှတ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။
‘‘လောလောဆယ် ကော် မတီအနေနဲ့ ဗိုလ်မှူးကြီးဗထူး မွေးနေ့မှာ သံဃာတွေကို ဆွမ်းကပ်ပြီး ရာပြည့်ပွဲတော်ကို စတင်မယ်။ နောက်ပြီး ရာပြည့်ပွဲတော်အတွက် ကျန်တဲ့အစီအစဉ်တွေ ကို ဒီနှစ်ထဲမှာ ကဏ္ဍတစ်ခုချင်းစီ အလိုက် ဆက်ပြီးလုပ်သွားမယ်’’ဟု ဗိုလ်မှူးကြီးဗထူး ရာပြည့်အ ထိမ်းအမှတ် ကော်မတီဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။
ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ တွင် ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် လေးသွန်းခံကျေးရွာ၌ မွေးဖွားခဲ့သည်။
ထားဝယ်မြို့ လေယာဉ်ကွင်း လမ်း မြို့တော်ခန်းမအနီးရှိ ဗထူး ပန်းခြံတွင် ရာပြည့်အထိမ်းအမှတ် အဖြစ် ကြေးရုပ်သွန်းလုပ်ကာ စိုက်ထူမည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးဗထူး ရာပြည့် အထိမ်းအမှတ်ကော်မတီတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ကော် မတီ၏ နာယကများအဖြစ်ပါဝင်၍ ရာပြည့်ပွဲတော်ကျင်းပမည် ဖြစ် သည်။
ထို့အပြင် နှစ် (၁၀၀)ပြည့် မွေးနေ့ဖြစ်သော ဇူလိုင် ၁၂ ရက် တွင် ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်၊ ကမြောကင်းကျေးရွာရှိ ရေဆိပ်ကျောင်း၌ သံဃာတော်အပါး ၁၀၀ အား ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။
 ထို့အပြင်ရာပြည့်အထိမ်းအမှတ်အဖြစ် မော်ကွန်းမဂ္ဂဇင်းထုတ်ဝေခြင်း၊ဗိုလ်မှူးကြီးဗထူး ဖောင်ဒေးရှင်း တည်ထောင်ခြင်း နှင့် ဒေသအတွင်း ပွင့်လင်းရာသီ ၌ ရာပြည့်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပရန် လျာ ထားကြောင်း ကော်မတီထံမှ သိရသည်။လက်ရှိတွင် လောင်းလုံးမြို့ နယ်၊ ကမြောကင်းတံတားအနီး ၌ ဗထူးရုပ်တုပန်းခြံတွင် ဗထူး ရုပ်တုကို တည်ဆောက်ဂုဏ်ပြု ထားသည်။
  
7Day Daily



No comments:

Post a Comment