ပြီးခဲ့သည့် ဇွန်လ ဆန်းက မိုးသည်းထန်စွာ ရွာသွန်းကာ တောင်မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သည့် အမ်းမြို့ သလူမော်ကျေးရွာအုပ်စု ဂဏန်းပြင်ကျေးရွာမှနေအိမ် ခုနစ်လုံးအတွက် အကူအညီ လိုအပ်နေ ကြောင်း သတင်းရရှိသည်။
တောင်မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသည့် မိသားစုများသည် ပြိုကျခဲ့သည့်နေအိမ်မှ ကျန်ရှိသည့် သစ်တို၊ ဝါးတိုများ ဖြင့် ဖြစ်သလို နေထိုင်နေရကြောင်း နေအိမ်ပြိုကျခဲ့သူ ဦးမောင်မောင် ခင်က ပြောသည်။
‘‘အစိုးရနဲ့ အင်န်ဂျီအို အကူ အညီမပါဘဲ နေအိမ်ပြန်ဆောက် နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ လူတွေက ဆင်းရဲတော့ စားဖို့သောက်ဖို့ ကိုပဲ အားထုတ်နေကြရပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ အိမ် တစ်လုံးဆောက်ဖို့ဆိုတာ မလွယ် ပါဘူး’’ဟု ဦးမောင်မောင်ခင်က ဆိုသည်။
တောင်မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ အတွက် အစိုးရနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ အကူအညီ လုံးဝ မရရှိသေးဘဲ အခြားလူမှု ကူညီရေး အဖွဲ့များလည်း အရောက် အပေါက်နည်းကြောင်း သလူမော်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးခင်မောင်ဝင်းက ပြော သည်။ပျက်စီးနေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အကူအညီ တောင်းခံစာကို လွှတ်တော်ကိုယ် စားလှယ်ထံမှ တစ်ဆင့် သက်ဆိုင် ရာသို့ တင်ပြထားကြောင်း ဦးခင်မာင်ဝင်းက ပြောသည်။
7daydaily
No comments:
Post a Comment