Tuesday, June 17, 2014

TNLA (ပလောင်)၏ စေခိုင်းမှုကြောင့် မိုင်းထောင်စဉ် အပြစ်မဲ့ ရွာသား ၂ ဦးသေဆုံး

16 June 2014

 ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ဟိုနားရွာတွင်TNLAအဖွဲ့မှရွာသား၃ဦးအားမိုင်းထောင် ဖောက်ခွဲရန်   စေခိုင်းမှုကြောင့်အပြစ်မဲ့ ရွာသား၂ ဦးမိုင်းထောင်စဉ် ပေါက်ကွဲသေဆုံး သွားကြောင်းသိရသည်။ မျက်မြင် ရွာသား တစ်ဦးပြောပြချက်အ ဇွန်လ ၁၅ ရက်နေ့က ဟိုနားရွာတွင် နေထိုင်သော ဦးအိုက်လမ်း (ပလောင် /ဗုဒ္ဓ)၏ မြေစိုက်ပျဉ်ထောင်နေအိမ်အတွင်းသို့  ၀င်ရောက်မိုင်းထောင်ဖောက်ခွဲရန်TNLAအဖွဲ့  စေခိုင်းခံရသော
ရွာသား၃ဦး နေအိမ်အတွင်းသို့  ၀င်ရောက်ပြီး၁၅မိနစ်    အကြာတွင်   ပေါက်ကွဲမှု  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြာင်းနှင့်   ပေါက်ကွဲမှုကြောင့် ၂ ဦးမှာ သေဆုံးသွားပြီး ၁ ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားကြောင်းသိရသည်။

ဦးအိုက်လမ်း နေအိမ်ပတ်ဝန်းကျင်တွင် TNLAအဖွဲ့ဝင်များကို တွေ့ရှိရကြောင်း၎င်းရွာသားမှ ပြောပါသည်။ TNLA (ပလောင်)အဖွဲ့သည် ပလောင်လူမျိုးများကောင်းစာရေးကို အသံကောင်း ဟစ်ပြီး ကျေးရွာများတွင် ဆက်ကြေးကောက်၊ လူသစ်စုဆောင်းခြင်းအပြင်အပြစ်မဲ့ ပလောင်လူမျိုးများအား  ယခုကဲ့သို့မိုင်းထောင်   ဖောက်ခွဲရန် စေခိုင်းသည့်လူမဆန်သောလုပ်ရပ်များပါလုပ်ဆောင်လာကြောင်းဖော်ပြလိုက်ပါသည်။ 
နမ့်ခမ်းသား

No comments:

Post a Comment