ဟောလီးဝုဒ်မင်းသမီးချော အိန်ဂျလီနာဂျိုလီက Cleopatra ဇာတ်ကားသည် သူမအတွက် နောက်ဆုံး သရုပ်ဆောင်သည့် ဇာတ်ကားဖြစ်ကြောင်း မကြာသေးမီက အရိပ် အမြွက် ပြောကြားခဲ့သည့်အတွက် အိန်ဂျလီနာ ဂျိုလီ သရုပ်ဆောင်ခြင်းမှ အနားယူတော့မည်လား ဟူသည့် မေးခွန်းများ ထွက်ပေါ် လျက်ရှိကြောင်း သိရသည်။
ဂျိုလီသည် သူမ ပါဝင် သရုပ်ဆောင်ထားသော Malefi cent ဇာတ်ကား အရောင်းမြှင့်တင်ခြင်း အခမ်း အနားတွင် သရုပ်ဆောင်ခြင်းကို လျှော့၍ စာရေးသားခြင်း၊ ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခြင်းနှင့် ကုလသမဂ္ဂ၏
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင်ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်းသူမ၏ဆုံးဖြတ် ချက်ကိုရိုးတိုးရိပ်တိပ် ပြောကြားခဲ့သည်။Cleopatraဇာတ်ကားနှင့်ပတ်သက်၍ဘီဘီစီသတင်းဌာနကဂျိုလီကို မေးမြန်းခဲ့ရာတွင် Cleopatra ဇာတ်ကောင်သည်သူမ၏ အနုပညာစွမ်းရည်ကို ထုတ်ဖော် ပြသနိုင်သည့် ဇာတ်ကောင် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
Cleopatra ဇာတ်ကား၏ ဇာတ်ညွှန်းကို အိန်ဂျလီနာဂျိုလီ ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ပြီး ၄င်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရန် မင်းသား ရွေးချယ်ရာ၌ ဂျူလီအပေါ်က သူမ၏ ချစ်သူ ဘရတ်ပစ်နှင့် အသင့်လျော်ဆုံး ဖြစ်ကြောင်း အဆိုပြု ရွေးချယ် ပေးခဲ့သည်။
လာမည့် ဒီဇင်ဘာ ၂၅ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည့် Unbroken ဇာတ်ကားကိုလည်း အိန်ဂျလီနာ ဂျိုလီကပင် ထုတ်လုပ်သူနှင့် ဒါရိုက်တာအဖြစ် ရိုက်ကူးထားကြောင်း သိရသည်။
No comments:
Post a Comment