Monday, June 16, 2014

မော်တော်ယာဉ် ဥပဒေသစ်တွင် ယာဉ်မောင်းနေစဉ် ခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောဆိုခြင်း မပြုရန် အချက်များ ထည့်သွင်း ရေးဆွဲထား

16 June 2014

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မော်တော်ယာဉ် မတော်တဆမှု ပိုမိုများလာ သောကြောင့် လက်ရှိရေးဆွဲ လျက်ရှိသော မော်တော်ယာဉ် ဥပဒေသစ်တွင် ယာဉ်မောင်းသူများ အနေဖြင့် ကားမောင်းနေစဉ် ခါးပတ် ပတ်ထားရန်နှင့် လက်ကိုင် ဖုန်းပြောဆိုခြင်းကို ခွင့်မပြုသည့် အချက်များ ထည့်သွင်းရေးဆွဲ ထားကြောင်း
အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

 ''လက်ရှိမှာယာဉ်မောင်းနေစဉ်ဖုန်းမပြောဖို့ထုတ်ပြန် ပေးထားပေမယ့်ယာဉ်မောင်းသူတွေအနေနဲ့လိုက်နာမှု အပိုင်းမှာ အားနည်းနေတာကို တွေ့ရပါတယ်။ ယာဉ်မောင်းနေတဲ့ အချိန် ဖုန်းပြော တာဟာ အန္တရာယ် များပါတယ်။အရေးတကြီးဖုန်းပြောစရာရှိတယ်ဆိုရင်လည်းနားကြပ်နဲ့ ပြောဖို့ကို ညွှန်ကြားထားပါတယ်။ ခါးပတ် ပတ်ဖို့ကတော့ အခုနောက်ပိုင်း ဝင်ရောက်လာတဲ့ ကားတွေက မော်ဒယ်လ်မြင့်တော့ အဆင်ပြေ မှာပါ''ဟု ၄င်းက ဆက်လက် ပြောသည်။ 

 ထိုသို့ ဥပဒေကြမ်းထဲတွင် ယာဉ်မောင်းနေစဉ် ခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်းကိုင်ပြီး မပြောဆိုရန် အချက်များ ထည့်သွင်း ထားသော်လည်း စည်းကမ်း ချိုးဖောက်ပါက မည်သို့ အရေးယူ ဆောင်ရွက် သွားမည်ကို ဆက်လက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ရေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည်။ 
ထူး

No comments:

Post a Comment