Wednesday, May 28, 2014

ဆက်ကြေးမပေးဆောင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား SSA (၀မ်ဟိုင်း) မှ သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

29 May 2014


SSA (၀မ်ဟိုင်း)မှ စ၀်စောရွှေ ဦးစီးအဖွဲ့များသည် မေလ ၂၇ ရက်နေ့က တန့်ယန်းမြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စု၊ နမ့်ပတ်ကျေးရွာမှ ကျေးရွာဥက္ကဌ ဦးပေါ်ဆွဲ အသက် ၄၂ အား မိုင်းရူးမြို့နယ် နားရိုင်းကျေးရွာအုပ်စု၊       ဟိုနမ့်ကျေးရွာနှင့်    လွိုင်တောင်ကျေးရွာ   ကြားရှိ    တောင်ယာတဲသို့ခေါ်ဆောင်၍
ဦးခေါင်းအားပစ္စတိုဖြင့်  ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်းသိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးးဦးပေါ်ဆွဲအသတ်ခံရ မှုမှာSSA(၀မ်ဟိုင်း)အဖွဲ့သို့ ဆက်ကြေးပေးဆောင်ရန်  ပျက်ကွက်မှုကြောင့်သတ်ဖြတ်ခံရ  ခြင်းဖြစ်ကြောင်း   ဒေသခံ ရှမ်းတိုင်းရင်းသားများ ပြောပြချက် အရ သိရသည်။

ရှမ်းလူမျိုးများကောင်းစားရေးအတွက်တိုက်ပွဲဝင်နေသည်ဟု  အသံကောင်းဟစ်နေသောSSA(၀မ်ဟိုင်း)အဖွဲ့၏ ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်သည့် သာဓကများကြောင့် ဒေသခံပြည်သူများမှ ၄င်းတို့၏ လုပ်ရပ်များကို ယုံကြည်ရန် ခက်ခဲနေပါသည်။

 ကျေးရွာအုပ်ချုပ်ရေးမှူးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စ၀်စောရွှေမှာ ၄င်းသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် အား ၀မ်ဟိုင်းဌာနချုပ်ရှိ အကြီးအကဲများအား လိမ်လည်ပြောဆိုရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း လည်း သိရသည်။ 

သတ်ဖြတ်ခံရသူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါ်ဆွဲ ၏ မိသားစုဝင်များနှင့် ဒေသခံ ရှမ်းတိုင်းရင်းသားများမှာ အလားတူဖြစ်စဉ်မျိုးထပ်မံမဖြစ်ပွားစေရေး ရှမ်းတိုင်းရင်းသားများအားကိုယ်စားပြုသောလွှတ်တော် ကိုယ်စား လှယ် များမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment