Wednesday, May 28, 2014

KIA / TNLA တပ်ပေါင်းစုအဖွဲ့များ၏ ဥပေဒေမဲ့လုပ်ရပ်များအား တားဆီးပေးစေလို

27 May 2014


ယခုရက်ပိုင်းတွင် KIA /TNLA တပ်ပေါင်းစုအဖွဲ့များမှ ကျေးရွာများတွင် အတင်းအဓမ္မ လုသစ်စုဆောင်း မှုများမကြာခဏပြုလုပ်နေကြောင်းသိရသည်။ KIA/TNLA ပူးပေါင်းအဖွဲ့များသည်မေလ၂၁ ရက်နေ့ ည ၉ နာရီတွင် လောခုန်ကျေးရွာသို့ ရောက်ရှိလာပြီး တပ်သားသစ်အဖြစ်ဝင်ရောက်ရန် ခြိမ်းခြောက်ပြောဆို၍ရွာသား
 ၁၀ဦးအားဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့်ပလောင်လူမျိုးများမှာ အိုက်ထွန်းနောင် ၊အိုက်လွမ်း၊  အိုက်မြင့်၊  လွန်စ၊  ထွန်းစိန်၊ ငိုနေ၊ ညီဦး၊ အိုက်ကလက်၊ယိုင်ဆွေ၊ရှန်တဲ့တို့   ဖြစ်ကြောင်း သိရသည်။

ထို့ပြင် KIA/TNLA ပူးပေါင်းအဖွဲ့များသည် ၄င်နေ့ ည ၁၀ နာရီတွင် မန်နိမ်းကျေးရွာသို့ ဆက်လက် သွားရောက်၍ ၄င်းရွာမှ ရွာသား၁၅ ဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီး ခံရသူများမှာ ညီတင့်၊ ညီချော်၊ မောင်လေး၊ အိုက်မြတ်၊အိုက်မောင်၊အိုက်ရွှေ၊ ဆန်းဦး၊ညီမောင်ဌေး၊ အိုက်မန်၊ ကျော်ဦး၊ ယိုင်နီ၊အောင်ဆာ၊ ယိုင်အောင်၊ သန်းမောင်၊ ကျော်ခိုင် တို့ဖြစ်ကြောင်းသိသည်။

တပ်သားသစ်အဖြစ်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအများစုမှာ အသက် ၂၀ ၀န်းကျင်ရှိ ပလောင် လူမျိုးများဖြစ်ပြီး ယခုချိန်ထိ လွတ်မြောက်ခြင်းရှိဘဲ ၄င်းတို့ မိဘများနှင့် ဒေသခံ တိုင်းရင်းသားများမှ KIA/TNLA အဖွဲ့၏ တရားဥပေဒမဲ့လုပ်ရပ်များ ကာကွယ်တားဆီးပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။

ဒေသခံများ

No comments:

Post a Comment