Monday, April 21, 2014

လေယာဉ်ဘီးသိမ်းခန်းထဲမှ လေယာဉ်ခိုးစီးသော အိမ်ပြေးလေးတစ်ဦး အသက်မသေ


22 Apirl 2014


 ဧပြီလ (၂၁)ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုး နီးယားပြည်နယ်၊ ဆန်ဟိုဇေးလေဆိပ်မှ ဟာဝိုင်အီကျွန်း၊ကာဟူလူ အီလေဆိပ်သို့ ဦးတည်ပျံသန်းလာသော ဟာဝိုင်အီလေကြောင်းပိုင် Boeing 767 လေယာဉ်ကြီး၏ ဘီးသိမ်းခန်းထဲတွင်အသက် ၁၆-နှစ်အရွယ်လူငယ်တစ်ဦး  လိုက်ပါလာခဲ့သည်ကို တစ်ဖက်
 လေဆိပ်ရောက်မှ လေဆိပ် ၀န်ထမ်းများက တွေ့ ရှိခဲ့ကြောင်းသိရသည်။လေယာဉ်ရပ်သွားတော့လေယာဉ် ဘီးတွေကြားကနေ ကောင်လေးတစ်ယောက်ထွက်ကျလာတယ်။ ပြီးတော့ဒယီးဒယိုင်နဲ့လျှောက် လာတယ်။

 ဒီလေယာဉ်ခရီးစဉ်ဟာ ၅-နာရီကြာပါတယ်။ ဒီလောက်အကြာကြီး လေယာဉ် ဘီးသိမ်းခန်းထဲမှာ လိုက်လာပြီး အသက်မသေတာ အံ့သြစရာပါပဲ ဟု ဟာဝိုင်အီလေကြောင်းမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပြသည်။ လေယာဉ်ဘီးသိမ်းခန်းသည် လေယာဉ်ဘီးများနှင့် အံကိုက်ပြုလုပ် ထားခြင်း ဖြစ်သည့် အတွက် လူတစ်ကိုယ်စာ ၀င်ရောက်နေထိုင်နိုင်ရန် အလွန်ကျဉ်းမြောင်းပြီး ဂျက်လေယာဉ်ကြီးက အမြင့်ပေ ၃၈၀၀၀ မှပျံသန်းလေရာထိုအမြင့်ပေတွင်အောက်စီဂျင်ကင်းမဲ့ပြီး အပူချိန်မှာလည်း သုညအောက် ဖြစ်သောကြောင့် လေယာဉ်ခိုးစီးလာသူ လူငယ်လေးမှာ ကံကောင်းလွန်း၍သာ အသက် မသေခြင်း ဖြစ်ကြောင်း FBI ကလည်း သုံးသပ်သည်။

 လေယာဉ်ပျံသန်းနေချိန်မှာ လေယာဉ်ဘီးသိမ်းခန်းထဲ နေရတာဟာ ဧ၀ရက်တောင်ထိပ်မှာ နေရတာနဲ့  တူပါ တယ်။ အောက်စီဂျင်ကင်းမဲ့ဇုံမှာ သုညဒီဂရီအောက်ရောက်သွားတဲ့ အပူချိန်ကြောင့် လူတစ်ယောက်ဟာ မိနစ် ပိုင်းထက်ပိုပြီး အသက်မရှင်နိုင်ပါဘူး ဟု လေကြောင်းကျွမ်းကျင်သူ ဂျက်ဖ်ဝိုက်စ် ကပြောပြသည်။ သို့ သော် ယခုဖော်ပြပါလူငယ်သည် လေယာဉ်ဘီးသိမ်းခန်းတွင် ပထမဆုံး စီးနင်း လိုက်ပါလာသူ မဟုတ်ပါလေ။ ကမ္ဘာတ၀န်း လေယာဉ်ခရီးစဉ် ၉၄ ခုတွင် လူပေါင်း ၁၀၅ဦးခန့် က လေယာဉ်ဘီးသိမ်းခန်းတွင် စီးနင်းလိုက်ပါဖူး ခဲ့ပြီး ၉-နှစ်အရွယ်ကလေးငယ် တစ်ဦး အပါအ၀င် ၂၅ဦး ရှင်သန်ခဲ့ကြောင်း သိရသည်။ 

လေယာဉ်ဘီးသိမ်းခန်းထဲမှာ အောက်စီဂျင်မရတဲ့အတွက် လူတွေဟာ မေ့မြော သွားလေ့ရှိပါတယ်။ အဲဒီအချိန် မှာ ခန္ဓာကိုယ်အပူချိန်လည်း ကျသွားပြီး ဗဟိုအာရုံကြောစနစ်လည်း ရပ်ဆိုင်းသွားပြီး အဲဒီလူ သေဆုံးသွားလေ့ ရှိပါတယ်။ ကံကောင်းချင်တော့ လေယာဉ်ဘီးသိမ်းခန်းထဲမှာ အနွေးဓါတ်ရှိနေ တတ်ပါတယ်။ ဒီတော့အေးခဲပြီး မသေနိုင်တော့ဘူးပေါ့။ ဒါပေမယ့် အခုလို ၅-နာရီကြာတဲ့အထိ အောက်စီဂျင် မရှိဘဲ အသက်ရှင်နေနိုင်တာ တကယ့်ကို အံ့ဖွယ်ပါပဲ ဟု လေကြောင်းစစ်ဆေးရေးအရာရှိ ပီတာဖိုးမင်းကပြောပြသည်။ အဆိုပါ ကောင်လေး၏အမည်နာမကို ယခုအချိန်အထိ မသိကြသေးပေ။ ကောင်လေးတွင် ခေါင်းဖီးတစ်ချောင်း သာ ပါရှိသည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ကလာရာ မှဖြစ်ပြီး ဧပြီ ၂၁ ရက်နေ့ က အိမ်မှထွက်ပြေး လာသော အိမ်ပြေးလေးဖြစ်ကြောင်း သိရသည်။ ဆန်ဟိုဇေးလေဆိပ် လုံခြုံရေးကင်မရာမှတ်တမ်းများအရ ကောင်လေး က လေဆိပ်ပြေးလမ်း ခြံစည်းရိုးကို ခုန်ကျော်ခဲ့သည်ကို တွေ့ ရသည်။ ကျွန်တော် လေယာဉ်ကြီးစီကို လျှောက်သွားပြီး ဘီးသိမ်းခန်းထဲ လေး ဘက် ထောက်ပြီး ၀င်နေလိုက်ပါတယ်။လေယာဉ်ပျံတက်တော့ ကျွန်တော်သတိမေ့သွားပါတယ် ဟု ကောင်လေးက ပြောပြသည်။

 လေယာဉ်ကြီးသည် ကာဟူလူအီလေဆိပ်တွင် ဆင်းသက်ပြီး ရပ်နားထားစဉ် တစ်နာရီခန့် အကြာတွင် ကောင် လေးကသတိရလာပြီး ဘီးလုံးများကြားမှ ဆင်းလာရာ လေဆိပ်ဝန်ထမ်းများအားလုံး ကြက်သေ သေသွားခဲ့ကြောင်းသိရသည်။ ယခုအခါ အဆိုပါ လေယာဉ်ခိုးစီးလာသော လူငယ်ကို ကျန်းမာရေး စောင့်ရှောက် မှုများ ပေးအပ်ပြီး လူငယ် ပြုစု ပျိုးထောင်ရေးဂေဟာသို့  ပို့ ဆောင် ပေး ထားကြောင်း သိရသည်။

 ‪#‎Lashio‬ News Diary

No comments:

Post a Comment